Main menu

“ ခရမ်းမြို့နယ်၌ စာအုပ်စနစ်ဖြင့် စားအုန်းဆီဖြန့်ဖြူးရောင်းချနေမှုအခြေအနေ ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ခရမ်းမြို့နယ်အတွင်းရှိ စားအုန်းဆီရောင်းချနေသော ဆိုင်များတွင် သတ်မှတ်ဈေးနှုန်းဖြင့် စားသုံးသူပြည်သူများအဆင်ပြေစွာဖြင့် အလွယ်တကူဝယ်ယူနိုင်ရေးအတွက် စာအုပ်စနစ်ဖြင့် စားအုန်းဆီများဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား စက်တင်ဘာလ(၂)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့နှင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

  ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ခရမ်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများ ခရမ်းမြို့နယ် စားအုန်းဆီကိုယ်စားလှယ်ဦးရဲဝင်းကျော်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဒေါ်ကျော့ကေခိုင်တို့ ပူးပေါင်းအဖွဲ့သည် ခရမ်းမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ရုံ(ဘီ)ဆိုင်အမှတ်(၇)ဦးအောင်မင်းဆီဆိုင်၊ ရုံ(အီ)ဆိုင်အမှတ်(၁/၂၊ ၉/၁၀)  ဒေါ်မြသန်းဆီဆိုင်၊ ရုံ(အီ)ဆိုင်အမှတ် (၁၆/၁၇၊၂၃/၂၄) ဦးစိုးသိန်းဆီဆိုင်များတွင် အိမ်ထောင်စုတစ်ခုလျှင် စားအုန်းဆီ(၅၀)ကျပ်သားနှုန်းကို စာအုပ်စနစ်ဖြင့် စတင်ရောင်းချနေမှုအခြေအနေနှင့် စားအုန်းဆီဖြန့်ဖြူးရောင်းချပေးလျှက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီခွဲတမ်းများအား လုံလောက်စွာခွဲဝေချထားပြီးဖြစ်သဖြင့် ရရှိသည့်ဆီခွဲတမ်းအလိုက် ခရမ်းမြို့နယ် အတွင်းရှိ စားသုံးသူပြည်သူများအခက်အခဲမရှိ စာအုပ်စနစ်ဖြင့် စနစ်တကျဝယ်ယူစားသုံးနိုင်ရေးအတွက် သတ်မှတ်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးကြရန် အသိပညာပေးပြောကြားခဲ့ပြီး စာအုပ်စနစ်ဖြင့် စားအုန်းဆီစတင်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)