Main menu

ဆားမလောက် အ.ထ.က ကျောင်းတွင် စားသုံးသူကာကွယ်ပေး‌ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့်အတူပူးပေါင်း၍ ညောင်တုန်းမြို့နယ်၊ ဆားမလောက်(အ.ထ.က)ကျောင်းတွင် ကျောင်းသား/သူ၊ ဆရာ/ ဆရာမ(၂၇၀)ဦးအား (၃-၉-၂၀၂၄) ရက်နေ့၊ နံနက် (၁၀း၃၀)နာရီအချိန်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောမှုပြုလုပ်ခဲ့ကြ သည်။

      ဟောပြောပွဲ၌ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ချိုမီဇင်(ဒုဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ အမိန့်ထုတ်ပြန်ချက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များကို သိရှိနားလည်စေရန်အချက်များကိုလည်းကောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားမှုဆောင်ရွက်ရာတွင် website၊ Mobile Application Call Center 1535 တို့မှတစ်ဆင့် တိုင်ကြားနိုင်သည့် နည်းလမ်းများကိုလည်းကောင်း၊ စေ့စပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးသည့် အခြေအနေများ၊ မအူပင်ခရိုင်စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC) ဖွင့်လှစ်ထားရှိမှုနှင့် ဆောင်ရွက်ပေးနေမှုအခြေအနေတို့ကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်သူ ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ပြန်လည်ရှင်းလင်းဖြေကြားဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)