Main menu

မှော်ဘီမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာဈေးနှုန်းများ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ဓါတ်မြေဩဇာအမျိုးအစားတို့အား ဝယ်ယူသုံးစွဲရာတွင် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချ ခြင်းများမပြုလုပ်ရန် ရည်ရွယ်၍ မှော်ဘီမြို့နယ်ရှိ ဓါတ်မြေဩဇာဖြန့်ဖြူးရောင်းချလျက်ရှိသော ဆိုင်များသို့ (၂.၉.၂၀၂၄) ရက်နေ့မှ (၃.၉.၂၀၂၄) ရက်နေ့အထိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ဓါတ်မြေဩဇာဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် ထန်းတပင်တာဆုံရှိ အစဉ်ရှယ်ဆိုင်၊ မြောင်းတကာလှမေတ္တာဆိုင်၊ မြို့မဈေးအတွင်းရှိ မမူဆိုင်တို့အား သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/ မရှိ စစ်ဆေးခဲ့ရာ သတ်မှတ်ဈေးနှုန်းအပြင်၊ သယ်ယူခ၊ လုပ်သားခ၊ အိတ်စွပ်ခပေါင်း၍ Good Briter၊ အာမို၊ ရွှေပွား၊ ရွှေနဂါးနှင့် ကောင်းသုခအမှတ်တံဆိပ် ဓါတ်မြေဩဇာများကို ရောင်းချလျက်ရှိရာ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့်  ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး ဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)