Geely Auto သည် Game Xingyuan EV အသစ်ကို အင်္ဂါနေ့တွင်ထုတ်ဖော်ပြသခဲ့ပါသည်။ ဈေးနှုန်းအနေဖြင့် အမေရိကန်ဒေါ်လာ ၁၁၂၀၀(ယွမ် ၈၀၀၀၀)ဝန်းကျင်ဖြင့် Geely မော်ဒယ်အသစ်သည် BYD Dolphin ကဲ့သို့တန်ဖိုးနည်း EV များကိုယှဥ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
Geely သည် Geome မော်ဒယ်အား ၂၀၁၉ခုနှစ်တွင်ထုတ်ဖော်ပြသခဲ့ပြီး ၂၀၂၅ခုနှစ်အထိ ကဏ္ဍအသီးသီးတွင် EV အမျိုးအစားဆယ်ခုကို ထုတ်လုပ်နိုင်ရန်အတွက်စီစဥ်ခဲ့သည်။ Geome အမှတ်တံဆိပ်အား သီးခြားထုတ်လုပ်ခဲ့သော်လည်း ရောင်းချမှုနည်းပါးခြင်းကြောင့် Geelyမှ၎င်း အားပြန်လည်ထိန်းချုပ်ခဲ့သည်။Xingyuan EV သည်ဒီဇိုင်အသစ်အပြင်အဆင်များရှိပါသည်။ ၎င်း၏ ဘဲဥပုံခေါင်းနှင့်နောက်မီးများသည် မြို့ပြခရီးသွားခြင်းအတွက် ပြီးပြည့်စုံသည်ဟု Geely မှပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Hoagen-Dasz နှင့်၎င်း၏ပူးပေါင်းဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းအနေဖြင့် အပြင်ပန်း အရောင်များနှင့် ရေခဲမုန့်အမည်များကို ထည့်သွင်းထားကြောင်း သိရှိရပါသည်။ ရွေးချယ်စရာအရောင်များအနေဖြင့် Vanilla Beige၊ Basil Green၊ Berry Powder၊ Milk White၊ Mousse Silver၊ Truffel Gray နှင့် Sea Salf Blue ဟူ၍အရောင်များစွာပါဝင်မည်ဖြစ်သည်၊Geely ၏တန်ဖိုးနည်း EV အသစ်သည် အရှည် ၄၁၃၅မီလီမီတာ၊ အကျယ် ၁၈၀၅မီလီမီတာနှင့်အမြင့် ၁၅၇၀မီလီမီတာရှိသည်၊ ၎င်းအား ၃၀.၁၂KWHနှင့် ၄၀.၁၆ KWH ဟူ၍ဘက်ထရီရွေးချယ်မှုပြုလုပ်နိုင်မည်ဖြစ်ပြီး စက်တင်ဘာ လကုန်ပိုင်းလောက်တွင် စတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)