စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၅-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက်၊ ချမ်းသာကြီးချမ်းသာရတိုက်တန်းရှိ ဆန်ရောင်းဝယ်ရေးဆိုင်(၂)ဆိုင်သို့သွားရောက်ကာ လုပ်ငန်းရှင်များအားတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက လစဉ်ထုတ်ပြန်ပေးလျက်ရှိသည့် ပြည်တွင်းဒေသထွက် စားသုံးဆန်များအား သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းအမျိုးအစားအလိုက် (ဆန်ရည်ညွှန်းဈေးနှုန်းများ) စည်းကမ်းချက်များနှင့်အညီ ရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ အရည်အသွေးမမှန်မကန်ရောင်းချခြင်းမပြုရန် ဆန်စပါးသိုလှောင်ရုံနှင့် စက်တွဲသိုလှောင်ရုံများ myro တွင် မှတ်ပုံတင်ထားရန်နှင့် မှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များအနေဖြင့် လစဉ် ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန်စာရင်းများကို Update ပြုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ဆန်သိုလှောင်ထားရှိမှု၊ လက်ကျန်နှင့် ရောင်းချသည့်ဈေးနှုန်းဈေးကွက်အခြေအနေများကိုဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)