ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့သည် စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ (၄-၉-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မအူပင်မြို့ပေါ်ရှိ ဆေးဆိုင် (၅)ဆိုင်တွင် ရောင်းချနေသောဆေးဝါးများ ပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှုကော်မတီအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ဇော်ဦး (ဦးစီးအရာရှိ) တို့သည် မအူပင်မြို့ပေါ်ရှိ မြမြဆေးဆိုင်၊ ဦးကျားဘိုလ်ဆေးဆိုင်၊ မြမြင့်ဇူဆေးဆိုင်၊ ဒေါ်သိန်းညွှန်ဆေးစတိုးဆိုင်၊ မိုးပြည့်စုံဆေးဆိုင်တို့တွင် ဆေးပြတ်လပ်မှုရှိ/မရှိနှင့်၊ ဆေးဝါးဈေးနှုန်းအခြေအနေများ၊ စံမမီဆေးဝါးများရောင်းချမှုရှိ/မရှိ၊ ဆေးရောင်းချမှုဈေးကွက်အခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ရာတွင် ကုမ္ပဏီထုတ် ဆေးဝါးများဖြစ်သည့် ဆီးချိုနှင့်ပတ်သက်သောဆေးဝါးများမှာ ဝင်ရောက်မှုနည်းပါးပြီး ယခင်ထက် ဈေးနှုန်းကြီးမြင့်လာသည်ကိုတွေ့ရှိရကြောင်း၊ ဆိုင်ရှင်များအား မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်အသင်းမှ ဆေးဝါးနှင့် ဆေးပစ္စည်းများပြတ်လပ်မှုမရှိစေရေးနှင့် ဆေးဝါးနှင့် ဆေးပစ္စည်းများ လွယ်ကူချောမွေ့စွာတင်သွင်းနိုင်ရန် သွင်းကုန်လိုင်စင်လျှောက်ထားနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသောကြောင့် ဈေးကွက်တွင် ကုန်ပစ္စည်းပြတ်လပ်သွားမည်ကို မစိုးရိမ်ကြရန်နှင့် ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းမပြုရန် ဆိုင်ရှင်များအားမှာကြားခဲ့ပြီးနောက် ယခုကဲသို့စစ်ဆးခြင်းများကို မြို့နယ်အတွင်းရှိ ဆေးဝါးအရောင်းဆိုင်များအား အခါအားလျော်စွာ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး အဖွဲ့က ပူးပေါင်းချိတ်ဆက်ဆောင်ရွက်သွားရန် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)