စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ခရိုင်ရုံးဝန်ထမ်းများသည် (၄-၉-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၏ အစည်းအဝေးခန်းမတွင် မအူပင်မြို့ပေါ်ရှိ အွန်လိုင်းရောင်းချသူလုပ်ငန်းရှင်(၁၈)ဦးအားဖိတ်ကြား၍ အွန်းလိုင်းမှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးဟောပြောခြင်းပြုလုပ်ခဲ့သည်။
ထိုသို့ဆွေးနွေးရာဟောပြောရာတွင် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းအဖြစ် အမိန့်ကြော်ငြာစာအမှတ်(၅၀/၂၀၂၃)ကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း၊ အမိန့်ကြော်ငြာစာထုတ်ပြီး (၆)လပြည့်သည့် နေ့ရက်မှစ၍ မှတ်ပုံတင်မရှိဘဲရောင်းချသည့် အွန်လိုင်းရောင်းချသူများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ(၅)ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းဖြင့် ငွေကြေးရယူပြီး ရောင်းချသည့်လုပ်ငန်းရှင်များအနေဖြင့် မဖြစ်မနေမှတ်ပုံတင်ရမည်ဖြစ်၍ အွန်လိုင်းဖြင့် ဈေးရောင်းချသူအားလုံး မှတ်ပုံတင်ခြင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
အွန်းရောင်းချမှုတွင် မှတ်ပုံတင်ခြင်းလုပ်ငန်းကို မိမိဖုန်း Google သို့ဝင်ရောက်၍ www. ecomreg. gov. mm တွင်၍ မှတ်ပုံတင်ရမည်။ လုပ်ငန်းအဆင့်ဆင့်ကိုဖြည့်သွင်းပြီး မှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ထားခြင်းမရှိဘဲ ရောင်းချနေမှုကိုစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟောပြောခဲ့ပြီး တက်ရောက်လာသူလုပ်ငန်းရှင်များ၏ သိရှိလိုသည်များမေးမြန်းသည်ကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)