Main menu

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အ.ထ.က ကျောင်းတွင် အသိညာပေးဆွေးနွေးခြင်း

Powered by Drupal

       ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူး ဦးထွန်းမင်းလတ်သည် ၂-၉-၂၀၂၄ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် သာပေါင်းမြို့နယ်၊ အ.ထ.က သော်ကခန်းမ၌ ကျောင်းအုပ်ဆရာ/ဆရာမကြီး (၂၃၅) ဦးအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာအချက်များကို အသိပညာပေးဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့အသိပညာပေးဟောပြောရာတွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေလုပ်ငန်းအဖြစ်  အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃)ဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ဟုခေါ်ဆိုကာ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့တွင် စတင်အာဏာသက်ဝင်ပြီး အခန်း (၈) ခန်းပါဝင်ကြောင်းနှင့် မှတ်ပုံတင်လျှောက်ထားရာ၌ www. ecomreg. gov. mm တွင် ဝင်ရောက်လျှောက်ထားနိုင်ခြင်း၊ လျှောက်ထားရာတွင် လိုအပ်သောအချက်များအား ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)