Main menu

MG သည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် Solid-State ဘတ်ထရီပါသာ EV ကို မိတ်ဆက်မည်ဟု SAIC မှ ပြောကြား

Powered by Drupal

      SAIC ၏ Passenger Vehicle ၏ အမှုဆောင်လက်ထောက်အထွေထွေမန်နေဂျာ Yu Jingmin က SAIC ကိုယ်တိုင်တီထွင်ထားသည် All-solid state ဘတ်ထရီအား MG ကားတွင် ပထမဆုံးတပ်ဆင်မည်ဖြစ်ကြောင်း မီဒီယာအင်တာဗျူးတစ်ခုတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ၎င်းကားအား ၂၀၂၅ ခုနှစ်တွင် ဒုတိယသုံးလပတ်တွင် မိတ်ဆက်မည်ဟု ယုံကြည်ရပြီး MG S5 မော်ဒယ်ကို ဒီနှစ်နိုဝင်ဘာလတွင် မိတ်ဆက်သွားမည်ဟု သိရသည်။

      ပြီးခဲ့သောနှစ်တွင် တရုတ်ကုမ္ပဏီများသည် Solid State ဘတ်ထရီများနှင့် ပတ်သက်၍ ကြေညာချက်များ ထုတ်ခဲ့သည်။ လက်ရှိအချိန်အထိ စီးပွားဖြစ်ရနိုင်သော all solid state ယူနစ်ကို မည်သူမျှ ထုတ်လုပ်နိုင်ခြင်းမရှိပေ။ Mercedes Benz ၊ BMW ၊ Porsche ၊ Hyundai-Kai ၊ Nissan နှင့် Toyota တို့အပါအဝင် နိုင်ငံတကာကားထုတ်လုပ်သူများသည် အဆိုပါနည်းပညာကို လုပ်ဆောင်နေကြပြီး ၎င်းသည် ကီလိုမီတာ ၁၀၀၀ ထက်ပို၍ မောင်းနှင်နိုင်သည်ဟု ဆိုကြ သည်။ Solid-state ဘက်ထရီနှင့် လက်ရှိအသုံးပြုနေသော ဘတ်ထရီအမျိုးအစားများအကြား ကွာခြားချက်မှာ ၎င်း၏ အမည်ဖော်ပြချက်အတိုင်း Solid-state ဘတ်ထရီများမှာ အရည်ဖြစ် သည်။ ၎င်းသည် တစ်စိတ်တစ်ပိုင်းအားဖြင့် ဘတ်ထရီကို သီးခြားစီ မပါရှိြခင်းဖြင့် ထုထည်အား ၄၀% နှင့် ဒြပ်ထုအား ၂၅% လျှော့ချနိုင်စေခြင်းဖြင့် စွမ်းအင်သိပ်သည်းဆကို တိုးစေသည်။ ထိုဘတ်ထရီများသည် ၂၅°C မှ ၆၀°C အပူချိန်တို့တွင် အသုံးပြုနိုင်သည်ဟုဆိုသည်။ အစိုင်အခဲ အီလက်ထရိုလိုက်များသည် မီးလောင်လွယ်ခြင်း၊ အဆိပ်သင့်ခြင်း တို့ကို မဖြစ်ပေါ်စေဘဲ ပိုမိုလုံခြုံစေကာ ယိုစိမ့်မှုအန္တရာယ်ကိုလည်း ကာကွယ်ပေးနိုင် ကြောင်းသိရသည်။ Yu Jingmin သည် S5 မော်ဒယ်ကို နိုဝင်ဘာလတွင် စတင်ရောင်းချမည့်အကြောင်း ဖော်ပြခဲ့သည်။ ဤကားသည် လစ်ဘီယမ်ဖော့စဖိတ်ဘတ်ထရီများကို အသုံးပြုထားသည် အရွယ်အစားသေးငယ်သော လျှပ်စစ် SUV ကားဖြစ်သည်။ China Automotive Powe Battery Industry Innovation Alliance ၏ အထွေထွေအတွင်းရေးမှူး Xu Yanhua က ၂၀၃၀ ခုနှစ်မတိုင်မီတွင် တရုတ်နိုင်ငံ ဘတ်ထရီဈေးကွက်သည် အရည်ဘက်ထရီများဖြင့် လွှမ်းမိုးထားခြင်း ဖြစ်သည်။

Source : thestatcsman     

DOCA(ရန်ကုန်)