![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၃၉_8.jpg?itok=-C3mxdoN)
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၇-၉-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၅း၀၀)နာရီအချိန်တွင် ကံမမြို့နယ်၊ ကြို့ပင်ကျေးရွာရှိ ‘မဒေး’ အမှတ်တံဆိပ်နှင့် ရေနံ့သာကျေးရွာရှိ ‘YY’ အမှတ်တံဆိပ် ပဲကြော်လုပ်ငန်းရှင်(၂)ဦးထံသို့သွားရောက်၍ ခွဲဝေရရှိသည့် လုပ်ငန်းသုံးဆီများ အမှန်တကယ်သုံးစွဲခြင်းရှိ/မရှိတို့အား ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပဲကြော်လုပ်ငန်းများတွင် အမှန်တကယ်သုံးစွဲကြောင်းကိုစစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များအား ခွဲဝေရရှိသည့်လုပ်ငန်းသုံးဆီများကို လုပ်ငန်းအတွက် မှန်မှန်ကန်ကန်အသုံးပြုသွားရမည်ဖြစ်ပြီး တစ်ဆင့်ပြန်လည်ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)