Main menu

စားသုံးသူကာကွယ်ရေးအသိပညာများရရှိရေး အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်အသိပညာပေး

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၆-၉-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာများရရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

         စားသုံးသူရေးရာဌာနခွဲတာဝန်ခံက ဌာန၏သမိုင်းကြောင်း၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပြည်သူများ စားသုံးမှုအသိပညာမြင့်မာလာစေရေးအထိမ်းအမှတ်အဖြစ် အသိပညာပေးဆောင်ရွက်မှုများအကြောင်းကိုလည်းကောင်း၊ ငွေစာရင်းဌာနခွဲမှ ဝန်ထမ်းက စားသုံးသူအခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ချက်ကိုလည်းကောင်း၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် သုသေတနဌာနခွဲဝန်ထမ်းက စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပါ်ပါက တိုင်ကြားနိုင်သူများ၊ တိုင်ကြားနိုင်သည့်အကြောင်းအရာများ၊ တိုင်ကြားနိုင်သည့်နေရာများကိုလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)