Main menu

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သို့ ဆန်တင်ပို့မှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်မှ ဆန်လိုတိုင်းဖြစ်သော တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သို့ ဆန်များတင်ပို့နိုင်ရေးအတွက် ၂၀၂၄ခုနှစ်၊စက်တင်ဘာလ(၅)ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် လပွတ္တာခရိုင်အုပ်ချုပ်ရေးမှူးဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးကြီးကြပ်မှုကော်မတီ၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မော်လမြိုင်ကျွန်းမြို့မှ မြိတ်မြို့သို့ ဆန်တင်ပို့မည့် MV - ရတနာမယ် ရေယာဉ်တွင် ဧည့်မထဆန် (၈၄၀၀)အိတ်၊ ကောက်ညှင်း(၁၁၀၀)အိတ်၊ စုစုပေါင်း(၉၅၀၀)အိတ်၊ MV - တော်ဝင်လင်း ရေယာဉ်တွင် ဧမထဆန်(၉၈၀၀)အိတ်၊ ကောက်ညှင်းဆန် (၂၀၀)အိတ်၊ စုစုပေါင်း (၁၀၀၀၀)အိတ်၊ MV - ဓနရွှေလမင်း ရေယာဉ်တွင် ဧည့်မထဆန်(၇၀၀၀)အိတ်၊ ကောက်ညှင်းဆန်(၁၀၀၀)အိတ်၊ စုစုပေါင်း(၈၀၀၀) အိတ်တင်ဆောင်ထားမှုအခြေအနေနှင့် ဆန်များသယ်ဆောင်ရာတွင် ကန့်သတ်ကုန်ပစ္စည်းများသယ်ဆောင်ခြင်းမရှိစေရေး၊ တရားဥပဒေနှင့်ညီညွတ်မှုမရှိသည့် ကိစ္စရပ်များဖြစ်ပွားမှုမရှိစေရေးတို့အတွက် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)