Main menu

“ကွမ်းခြံကုန်းမြို့နယ်တွင် စားအုန်းဆီများကို အိမ်ထောင်စုဇယား၊ စာအုပ်ဖြင့်ရောင်းချမှုအား ကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် စားအုန်းဆီများကို အိမ်ထောင်စုဇယား၊ စာအုပ်ဖြင့်ရောင်းချခြင်းရှိ/မရှိကို မြို့နယ်စားအုန်းဆီကြီးကြပ်မှုကော်မတီအဖွဲ့ဖြစ်သည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းကာ စက်တင်ဘာလ (၉)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ်၊ ဒေးဒနောကျေးရွာသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဒေးဒနောကျေးရွာသို့ စားအုန်းဆီရောင်းချရန် တာဝန်ယူထားသည့် ဆီကိုယ်စားလှယ်မှကျေးရွာရှိ အိမ်ထောင်စုများသို့ တစ်ပတ်လျှင် (၁)ကြိမ်၊ (၁)ကြိမ် လျှင် (၅၀)ကျပ်သားနှုန်းဖြင့်ရောင်းချလျက်ရှိပြီး သတ်မှတ်ဈေးနှုန်းထက်ကျော်လွန်၍ မရောင်းချရေးနှင့် ကျေးရွာနေအိမ်ထောင်စုများသို့ဆီရောင်းချရန် မကျန်ရှိရေး တစ်ပတ်လျှင် (၁)ကြိမ်၊ (၁)ကြိမ်လျှင် (၅၀)ကျပ်သားနှုန်းဖြင့် တစ်လ(၄)ကြိမ် ပုံမှန်ရောင်းချသွားရန် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)