Main menu

“ ခရမ်းမြို့နယ်တွင် သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိသော စားသောက်ကုန်ပစ္စည်းများအား ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ စားသောက်ကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးဆိုင်များသို့ စက်တင်ဘာ လ(၉)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိသော စားသောက်ကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ခရမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ် တာဝန်ခံနှင့်ပူးပေါင်းအဖွဲ့သည် ခရမ်းမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ စိမ်းစားငါးပိနှင့် ပဲသွေးဖြန့်ဖြူးရောင်းချလျက်ရှိသော စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များတွင် အစားအသောက်ပစ္စည်းများ၌ ထည့်သွင်းသုံးစွဲရန် ခွင့်မပြုသော တားမြစ်ဓာတုပစ္စည်း Formalin ပါရှိသည့် ပဲသွေးနှင့် တားမြစ်ဆိုးဆေး Rhodamine B ပါရှိသည့် စိမ်းစားငါးပိများစသည့်သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိသော စားသောက်ကုန်ပစ္စည်းများကို မိမိတို့၏ဈေးဆိုင်များတွင် ဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ကြရန်၊ ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဖြန့်ဖြူးရောင်းချဝယ်ယူလျက်ရှိသော စိမ်းစားငါးပိနှင့်ပဲသွေးများအား ဝယ်ယူခဲ့သော နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ ဆိုင်အမည်တို့အား မှတ်သားထားကြရန်နှင့် သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိသော စားသောက်ကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချနေခြင်းများကိုစစ်ဆေးတွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားဆွေးနွေးခဲ့ပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)