Main menu

“ ကော့မှူးမြို့နယ်၌ သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိသော အစားအသောက်များအား ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိသော အစားအသောက်များ ဈေးကွက်အတွင်း ရောင်းချနေမှုအခြေအနေအား စက်တင်ဘာလ (၁၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲကြောင်းသိရသည်။

      ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းမျာ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်းအဖွဲ့သည် ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ကုန်စိမ်းနှင့်တွဲဖက်ရောင်းချလျက်ရှိသော ပဲသွေးများနှင့်စိမ်းစားငါးပိတို့တွင် အစားအသောက်များနှင့် ထည့်သွင်းသုံးစွဲရန် ခွင့်မပြုသည့် တားမြစ်ဓာတုပစ္စည်း Formalin ပါရှိသည့် ပဲသွေးနှင့် တားမြစ် ဆိုးဆေး Rhodamine B ပါရှိသည့်စိမ်းစားငါးပိများ စသည့် သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိသော စားသောက်ကုန်ပစ္စည်းများကို ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ကြရန်နှင့် ဖြန့်ဖြူးရောင်းချခြင်းများကိုစစ်ဆေးတွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)