Main menu

GRAND ROYAL စက်ရုံသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   မှော်ဘီမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ အုပ်ချုပ်ရေးမှူးအဖွဲ့ဦးဆောင်၍ စားသုံးသူရေးရာဉီးစီးဌာန၊ မှော်ဘီမြို့နယ်ရှိဝန်ထမ်းများနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ (၁၀-၉-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၆:၃၀)နာရီအချိန်တွင် GRAND ROYAL အရက်ချက်စက်ရုံသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်(၄)လမ်း၊ လိပ္ပုတ်ကျေးရွာ၊ မှော်ဘီမြို့နယ်ရှိ GRAND ROYAL အရက်ချက်စက်ရုံတွင် အသုံးပြုရန် ပရီမီယံစက်သုံးဆီသိုလှောင်ရန် ကန်(၄)ကန်ပြီးစီးမှုသိုလှောင်ခွင့်လိုင်စင်အား နေပြည်တော်တွင် လျှောက်ထားနိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)