
(၁၁-၉-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် လှိုင်သာယာ(အရှေ့ပိုင်း)၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နှင့် အင်းစိန်မြို့နယ်များရှိ စားအုန်းဆီရောင်းချနေသောဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာ အင်းစိန်မြို့နယ်တွင် အိမ်ထောင်စုအလိုက် စာအုပ်စနစ်ဖြင့် ရောင်းချနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ ယခုရောင်းချမှုပုံစံမှာ ရပ်ကွက်၊ ဈေးတို့တွင် လူတစ်ဦးလျှင် အနည်းဆုံး (၅၀)ကျပ်သားနှုန်းရောင်းချပေးလျက်ရှိပြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ အမှတ်(၆)ရပ်ကွက်နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ (၉)၊ (၁၀)၊ (၁၂)၊(၁၃)နှင့် (၁၆)ရပ်ကွက်တို့တွင် စာအုပ်စနစ်ဖြင့် စတင်ရောင်းချနေပါသည်။ ကျန်ရှိသောရပ်ကွက်များကိုလည်း စာအုပ်စနစ်ဖြင့်ရောင်းချနိုင်ရေးအတွက် အမြန်ဆုံးဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)