ကမ္ဘောဒီးယားနိုင်ငံဆန်စပါးအသင်းချုပ် (CRF) သည် ၁၀-၉-၂၀၂၄ ရက်နေ့တွင် (၇)ကြိမ်မြောက် ကမ္ဘောဒီးယားနိုင်ငံဆန်စပါးဖိုရမ်ကို ဖနွမ်းပင်မြို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါ သည်။ ဖိုရမ်ကို နိုင်ငံ၏ပေါ်ထွန်းလာသည့်ဆန်စပါးကဏ္ဍနှင့် ကမ္ဘာ့ဈေးကွက်တိုးချဲ့ရန်အတွက် အလားအလာကို အသားပေးဆွေးနွေးရန် ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ဖိုရမ်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul၊ စက်မှု၊ နည်းပညာ၊ သိပ္ပံနှင့်ဆန်းသစ်တီထွင်မှုဝန်ကြီး Hem Vanndy ၊ စိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့်ငါးလုပ်ငန်းဝန်ကြီး Dith Tina၊ CRF ဥက္ကဋ္ဌ Chan Sokheang နှင့် စိုက်ပျိုးရေးအသင်းအဖွဲ့များ၊ အဖွဲ့အစည်းများမှ (၃၀၀)ဦးကျော်ခန့်တက်ရောက်ခဲ့ကြောင်းသိရပါသည်။ ဖိုရမ်၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံ၏ ဆန်ထုတ်လုပ်နိုင်စွမ်း၊ ကြိတ်ခွဲနိုင်စွမ်းနှင့် ပြုပြင်ထုတ်လုပ်နိုင်စွမ်းတို့ကို သရုပ်ပြခြင်းအားဖြင့် ကမ္ဘောဒီးယားဆန်စပါးကဏ္ဍကို ကမ္ဘာကိုပြသရန်ဖြစ်ကြောင်းသိရပါသည်။ ထို့ပြင် ဆန်စပါးကဏ္ဍနှင့်ပတ်သက်၍ အဓိကအတွင်းကျကျသိသူများအား ပွဲတက်ရောက်လာသူများနှင့် ဈေးကွက်ဦးတည်ရာ၊ ဆန်၊ ထုတ်လုပ်မှုနည်းစနစ်များနှင့် ဆန်စပါးစိုက်ပျိုးခြင်း၊ ကြိတ်ခွဲခြင်းနှင့်ဆက်စပ်သောနည်းပညာများ၊ ဆန်စပါးကဏ္ဍအတွက် အစိုးရ၏အမြင်၊ မူဝါဒများ၊ အစီအမံများနှင့် ကမ္ဘောဒီးယားဆန်စပါးကဏ္ဍတိုးတက်လာစေရန်အတွက် အကြံပြုချက်များမျှဝေရန် ရည်ရွယ်ကြောင်းသိရပါသည်။ ပွဲကို အလှည့်ကျဆွေးနွေးခြင်းများ၊ ရှင်းလင်းတင်ပြခြင်းများ၊ ပူးပေါင်းဆောင်ရွက်ရန်အတွက် ကွန်ရက်ချိတ်ဆက်ရန် အခွင့်အလမ်းများနှင့် အတွေ့အကြုံဝေမျှ ခြင်တို့ဖြင့် ပြုလုပ်ခဲ့ကြောင်းသိရပါသည်။ ယခုနှစ်၏ ပထမ (၈) လတွင် ကမ္ဘောဒီးယားနိုင်ငံသည် ဆန်တန်ချိန် ၄၁၂၀၂၃တန်တင်ပို့ခဲ့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၃၀၅သန်းရရှိခဲ့ကြောင်း CRF ၏ အစီရင်ခံစာအရသိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)