စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၉-၉-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ကြံခင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ Talk Show အစီအစဉ်ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက ၂၀၁၉ခုနှစ်၊ မတ်လ(၁၅) ရက်နေ့တွင်ပြဋ္ဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေ၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ၊ စားသုံးသူတို့ရရှိသင့်သည့် အခွင့်အရေးများအကြောင်းကိုရှင်းလင်းဆွေးနွေးခဲ့ပြီး၊ အွန်လိုင်းရောင်းချသူလုပ်ငန်းရှင်များအနေဖြင့် အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်ပတ်သက်သည့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လျှောက်ထားပြီးမှသာလုပ်ကိုင်ရန်၊ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး(၆)လ ပြည့်သည့်နေ့ရက်မှစ၍ မှတ်ပုံတင်မရှိဘဲရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ (၅) အရ အရေးယူခံရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်တွင် အခြေခံဆောင်ရွက်ထားသည့်အချက်များ၊ စနစ်တွင်ပါဝင်သည့် လုပ်ငန်းစဉ်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုအုပ်စုသတ်မှတ်ချက်များ၊ လျှောက်ထားရန် အခြေခံလိုအပ်ချက်များ၊ e-ComReg System ဖြင့် Online Sales မှတ်ပုံတင်လက်မှတ်လျှောက်ထား၊ ထုတ်ယူမှုအဆင့်ဆင့်တို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)