စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများအားလုံး ကုန်စည်နှင့်ဝန်ဆောင်မှုများကိုအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးအတွက် ခရိုင်အတွင်း ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေးရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(၁၆)ရက်နေ့မှ (၃၁)ရက်နေ့အတွင်း ပြည်မြို့၊ နဝဒေးရပ်ကွက်ရှိ ဦးစောမင်းနိုင်၏ TMTစက်သုံးဆီဆိုင်သို့လည်းကောင်း၊ ခေတ္တရာမြို့သစ်ဈေးအတွင်းရှိ ဦးအောင်မြတ်သူ၏ စားသုံးဆီအရောင်းဆိုင်သို့လည်းကောင်း၊ ဆံတော်ရပ်ကွက်ရှိ ဒေါ်သန်းသန်းဌေး၏ ခိုင်ရွှေပွင့်ဆန်ဆိုင်သို့လည်းကောင်း၊ အောင်ဆန်းပြည်သာယာရပ်ကွက်ရှိ ဦးဝင်းသိန်း၏ လင်းရောင်ခြည်စက်သုံးဆီဆိုင်သို့လည်းကောင်း၊ ရွှေတောင်မြို့၊ ရန်ကုန်-ပြည်လမ်း ကြာနီကန်ရပ်ကွက်ရှိ ဦးဇော်မင်းထွန်း၏ ဆီစက်သို့လည်းကောင်း၊ ဆေးရိုးတန်း၊ ကြာနီကန်ရပ်ကွက်ရှိ ဦးခင်မောင်သန်း၏ ဧဝရက်ဆီစက်သို့လည်းကောင်း၊ ယွန်းတန်းရပ်ကွက်၊ လမ်းမတော်လမ်းရှိ ဦးမျိုးသိန်း၏ ဒေါ်ခင်မြင့်ဆီစက်သို့လည်းကောင်း၊ ပန်းတောင်းမြို့၊ ဥသျှစ်ပင် လမ်းမတော်လမ်းရှိ ဦးဝင်းထက်၏ ဘရဏီစက်သုံးဆီဆိုင်သို့လည်းကောင်း၊ ဥသျှစ်ပင်ဈေးရှိ ဦးပြည့်ဝန်းနှင့် ဒေါ်မိုးမိုး၏ စားသုံးဆီအရောင်းဆိုင်များသို့လည်းကောင်း၊ ပေါက်ခေါင်းမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဇွဲဓနမြေပဲယို၊ နှမ်းယိုလုပ်ငန်းသို့လည်းကောင်း၊ အမှတ်(၃)ရပ်ကွက်ရှိ ဦးဖိုးရွှေအေးဆီရောင်းဝယ်ရေးသို့လည်းကောင်း၊ အမှတ်(၂) ရပ်ကွက်၊ ဦးဇင်ဦးဆီရောင်းဝယ်ရေးသို့လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသွားရောက်၍ မိမိတို့ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချင်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ၊ ပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့်အတူ အရေးယူဆောင်ရွက်မှုများပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထားလိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)