စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအခြေအနေတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ (၁၆)ရက်နေ့မှ (၃၁)ရက်နေ့အတွင်းတွင် ပြည်ခရိုင်၊ ပြည်မြို့၊ အထက(မူယာပင်)နှင့် မြို့သစ်ဈေး မုန့်ဆိုင်များရှိ အသင့်စားမုန့်အမျိုးမျိုးကိုလည်းကောင်း၊ ကသည်းဈေး၊ ရွာဘဲရပ်ကွက်ရှိ လက်လီကုန်စုံဆိုင်များနှင့် ဆံတော်ရပ်ကွက် လက်လီကုန်စုံဆိုင်များရှိ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက် ကုန်စုံဆိုင်များရှိ အသင့်စားမုန့်အမျိုးမျိုးနှင့် စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ ကြာနီကန်ရပ်ကွက် ကုန်စုံဆိုင်များနှင့် တည်ကုန်းတောင်ပိုင်း ကုန်စုံဆိုင်များရှိ စားသုံးဆီအမျိုးမျိုး ကိုလည်းကောင်း၊ ပန်းတောင်းမြို့၊ ဥသျှစ်ပင်ဈေးရှိ အသင့်စားမုန့်အမျိုးမျိုးနှင့် စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ ဥသျှစ်ပင်မြို့ပေါ်ဆေးဆိုင်များရှိ ဆေးအမျိုးမျိုးကိုလည်းကောင်း၊ ပေါက်ခေါင်းမြို့၊ မြို့မဈေး ကုန်စုံဆိုင်များရှိ အသင့်စားမုန့်နှင့် စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ မြို့ပေါ်စတိုးဆိုင်များနှင့် အမှတ်(၃/၄)ရပ်ကွက် ကုန်စုံဆိုင်များရှိ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ မြို့ပေါ်ရှိစတိုးဆိုင်များရှိ အသင့်စားမုန့်အမျိုးမျိုးကိုလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ ကုန်အညွှန်းအမှတ်အသားပါ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသော ကုန်စည်များကိုတင်သွင်းရောင်းချခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ထောက်ခံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းနှင့် စောင့်ကြည့်စစ်ဆေးခဲ့သည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီမှုရှိကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)