ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကသစ်ကိုင်းအုပ်စု၊ တောင်လုံးညိုကျေးရွာရှိ အ.မ.က(တောင်လုံးညို)ကျောင်းတွင် (၆-၉-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီမှ နံနက်(၁၁:၀၀)နာရီအချိန်အထိ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့် တာဝန်ရှိဝန်ထမ်းများအဖွဲ့သည် အခြားမိတ်ဖက်ဌာနဆိုင်ရာများဖြစ်သော ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲကျင်းပဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ စားသုံးသူအသိပညာပေးဆွေးနွေးဟောပြောပွဲတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ (၁၀၂)ဦးတို့တက်ရောက်ခဲ့ပါသည်။ ထိုသို့ဆွေးနွေးဟောပြောပွဲတွင် ရွှေတောင်မြို့နယ်တာဝန်ခံရုံးမှ ဒေါ်ဇင်မာချောစုကြည် (ဒု-ဦးစီးမှူး)က ကုန်အညွှန်းအမှတ်အသား(၈)ချက်ကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါငြိမ်းငြိမ်းသန့်က ကလေးအလုပ်သမားများအကြောင်း၊ စာအုပ်စာပေများကိုဖတ်ရှုရန်နှင့် ပုံပြင်များကိုပြောကြားခြင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဒေါ်နီလာမြင့်က မျောက်ကျောက်ရောဂါများ၏ လက္ခဏာနှင့် ကာကွယ်နိုင်မည့်အကြောင်းများကို ဆွေးနွေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)