Main menu

ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးအသစ်က လူနေမှုကုန်ကျစရိတ်မြင့်တက်မှုကို လျှော့ချရန်ကတိပြု

Powered by Drupal

      ထိုင်းနိုင်ငံ၊ စီးပွားကူးသန်းဝန်ကြီးအသစ်ဖြစ်သူ Pichai Naripthaphan  က လူနေမှုကုန်ကျ စရိတ်မြင့်မားမှုကို ရင်ဆိုင်ဖြေရှင်းရန်အတွက် အ‌ရေး‌ပေါ်စီမံချက်များချမှတ်ရန်၊ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်(FTA)ဆွေးနွေးမှုများကို အရှိန်မြှင့်တင်ရန်နှင့် တရုတ်ထံမှသွင်း ကုန်များ ဖုံးလွှမ်းလာမှုကို တင်းကြပ်စွာထိန်းချုပ်ရန် ကတိပြုခဲ့ကြောင်း သိရပါသည်။ ၎င်း၏ ပထမဆုံးလုပ်ငန်းတာဝန်ယူသည့်နေ့တွင် Mr.Pichai က ၎င်းသည် စီးပွားကူးသန်းဒုတိယဝန်ကြီး (၂)ဦးနှင့်အတူ ဘေးကြပ်နံကြပ်ကာလရောက်နေသည့် ထိုင်းနိုင်ငံ၏စီးပွားရေးကို မောင်းနှင်ရန် အရေးပါသောလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်အတွက် အဆင်သင့်ဖြစ်နေကြောင်း ပြော ကြားခဲ့ပါသည်။  Mr.Pichai က လူနေမှုကုန်ကျစရိတ်များကိုလျှော့ချခြင်း၊ ပိုမိုကောင်းမွန်သည့် ထုတ်ကုန်ဈေးနှုန်းများအတွက် အာမခံခြင်း၊ SME လုပ်ငန်းမျာအား ပံ့ပိုးပေးခြင်း၊ FTA များအား အကျိုးရှိရှိအသုံးချနိုင်ရန်ကြိုးပမ်းခြင်းနှင့် ဈေးပေါပြီးအရည်အသွေးနိမ့်သော သွင်းကုန်များဖုံးလွှမ်း လာမှုကို ဟန့်တားခြင်း စသည်တို့ပါဝင်သည့် စီးပွားကူးသန်းဝန်ကြီးဌာန၏  မူဝါဒများကို အစိုးရ၏ မူဝါဒများ ပါလီမန်သို့ရှင်းလင်းတင်ပြပြီးပါက  ကြေညာမည်ဟု ပြောကြားခဲ့ပါသည်။ ဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်တွင် သက်ဆိုင်ရာအေဂျင်စီများကို လုပ်ငန်းတာဝန်ပေးအပ်ရန်အတွက် ဌာန၏ အလုပ်အမှုဆောင်များနှင့်အစည်းအဝေးကို ၁၆-၉-၂၀၂၄ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသည် ဟု သိရပါသည်။ ဝန်ကြီးက ၎င်း၏ပထမဦးစားပေးသည် ကုန်ဈေးနှုန်းများကို ပြန်လည်ဆန်းစစ်ရန်  နှင့် ဈေးနှုန်းများကိုလျှော့ချရန်အတွက် စီးပွားရေးလုပ်ငန်းများနှင့်အတူ အလုပ်လုပ်ရန်၊ လူထု၏ ဝန်ထုပ်ဝန်ပိုးကိုလျော့ပါးစေရန်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရပါသည်။ တရုတ်ထံမှ သွင်းကုန်များနှင့်ပတ်သက်၍ ဝန်ကြီးသည် စိန်ခေါ်မှုများရှိနိုင်မှုကို ဝန်ခံခဲ့ပြီး လက်ရှိတည်ရှိနေ သော စီမံချက်များကို ပြန်လည်သုံးသပ်ရမည်ဖြစ်ကြောင်းနှင့် အကယ်၍ လက်ရှိစည်းမျဉ်းများက ထိရောက်မှုမရှိပါက ထပ်တိုးစီမံချက်များချမှတ်ရမည်ဟု ပြောကြားခဲ့ပါသည်။ သို့သော် ဝန်ကြီး သည် တရုတ်ကုန်ပစ္စည်းများကို အသားပေးပြောကြားမှုကို ရှောင်ရှားခဲ့ကြောင်း သိရပါသည်။ ထို့ပြင် Mr.Pichai က ထိုင်းနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရရှိလာနိုင်သောကြောင့် အခြားနိုင်ငံများနှင့် FTA ဆွေးနွေးမှုများကို အမြန်ပြီးမြောက်စေရန် အရေးကြီးကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။

Source: Bangkok Post

DOCA(ရန်ကုန်)