Main menu

ဖိလစ်ပိုင်နိုင်ငံစားအုန်းဆီလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံထားသူများက ကြီးထွားရန်အလားအလာအပေါ် အကောင်းမြင်လျက်ရှိ

Powered by Drupal

       ဖိလစ်ပိုင်ပြည်တွင်းစားအုန်းဆီလုပ်ငန်းနယ်ပယ်သည် ဥရောပသမဂ္ဂ‌ဈေးကွက်တွင် ကြီးထွားရန်တောက်ပသည့် အလားအလာပိုင်ဆိုင်ထားကြောင်း ထိပ်တန်းရင်းနှီးမြှုပ်နှံသူများ၏ ပြောကြားချက်အရ သိရပါသည်။ Davao မြို့တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံ‌တော်စားအုန်းဆီကွန်ဂရက်တွင် ထိပ်တန်းဟင်းသီးဟင်းရွက်ဆီထုတ်လုပ်သည့် Aves Merchents Philippines Ine(AMPI) က ပြည်တွင်းစားအုန်းဆီထုတ်လုပ်မှုတွင် သိသာသည့်တိုးတက်မှုရှိကြောင်းနှင့် ဆက် လက်ကြီးထွားရန် အလားအလာပြသနေကြောင်း ပြောကြားခဲ့ပါသည်။ AMPI ၏ မန်နေဂျင်း ဒါရိုက်တာ Jose Leonardo Tanada က ဥရောပသမဂ္ဂတွင် ပြည်တွင်းထုတ်လုပ်သည့် အုန်းဆီ အတွက် ဝယ်လိုအားမြင့်မားလာမှုသည် ပြည်တွင်းဟင်းသီးဟင်းရွက်ဆီဈေးကွက်၌ ဟာကွက်တစ်ခုဖြစ်ပေါ်စေခဲ့ကြောင်းနှင့် စားအုန်းဆီသည် စီးပွားရေးအရ အကောင်းဆုံးအစားထိုးရာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ၎င်းက စားအုန်းဆီစိုက်ခင်း နှစ်စဉ် ၂၅၀၀ မှ ၅၀၀၀ ဟတ်တာအကြား တိုးချဲ့လာမှုအပေါ် အကောင်းမြင်သုံးသပ်ခဲ့ပြီး ထိုကဲ့သို့ တိုးချဲ့လာမှုသည် ပြည်တွင်းစားအုန်းဆီထုတ်လုပ်သူများကို အကူအညီပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးဦးစီးဌာန၏ “Philippine Palm Oil Industry Roadmap 2024-2033” အရ စားအုန်းဆီထုတ်လုပ်မှုသည် မြင့်တက်လျက်ရှိကြောင်း သိရပါသည်။ နိုင်ငံအတွင်း စားအုန်း ပင် စိုက်ပျိုးသည့်ဧရိယာသည် ၂၀၂၂ ခုနှစ်တွင် ၅၃၀၀၀ ဟတ်တာရှိရာမှ ၂၀၂၃ ခုနှစ်တွင် ၆၃၀၀၀ ဟတ်တာအထိ မြင့်တက်လာကြောင်း သိရပါသည်။ Tanada က စိုက်ပျိုးရေးသမားများ အကျိုး အမြတ်ရရှိချိန်အထိ လုပ်ငန်းနယ်ပယ်တည်ငြိမ်စွာ ကြီးထွားနိုင်ရန် အစိုးရ၏ပံ့ပိုးမှုလိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ Tanada က ပုံမှန်အခြေအနေတွင် စားအုန်းပင်စိုက်ခင်းသည် စိုက်ပျိုးပြီး ၃ နှစ်မှ ၄ နှစ်ကြာမြင့်မှသာ ဆီထုတ်လုပ်နိုင်ပြီး ၂၅ နှစ်အထိ အပင်သက်တမ်းရှိကြောင်းနှင့် Philippine Coconut Authority(PCA)နှင့် ပုဂ္ဂလိကအဖွဲ့အစည်းများသည် ဆီမထုတ်လုပ်နိုင်သေး သည့်ကြားကာလတွင် ဘဏ္ဍာရေးပံ့ပိုးပေးရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ၎င်းက ပြည်တွင်းထုတ်လုပ်မှုမြင့်တက်လာခြင်းသည် ဖိလစ်ပိုင်လူမျိုးများအတွက် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ကြောင်း၊ သို့သော် သိုလှောင်ထားခြင်းနှင့် တိုင်းပြည်ငွေကြေးဖောင်းပွမည့် အလားအလာကို လျော့ပါးစေရန် တင်သွင်းမှုပြုလုပ်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

Source: Philippine Star

DOCA(ရန်ကုန်)