လွန်ခဲ့သောလများအတွင်း နိုင်ငံခြားကုန်သွယ်မှု စံချိန်တင်မြင့်တက်လာမှုနှင့်အတူ လက်ကျန်လများတွင်လည်း ထိုအရှိန်ကို ဆက်လက်ထိန်းထားနိုင်ပါက ဗီယက်နမ်၏ ယခုနှစ် အပြန်အလှန်ကုန်သွယ်မှုပမာဏသည် ၂၀၂၂ ခုနှစ်က တင်ရှိထားသည့် အမေရိကန်ဒေါ်လာ ၇၃၂ ဘီလီယံစံချိန်ကို ချိုးဖြတ်နိုင်ကြောင်း သိရပါသည်။ လွန်ခဲ့သည့်နှစ်လတွင် ပို့ကုန်သွင်းကုန်ပမာဏ သည် အမေရိကန်ဒေါ်လာ ၇၀ ဘီလီယံကျော်ခဲ့ကြောင်း သိရပါသည်။ သီးခြားအနေဖြင့် ဇူလိုင်လ တွင် ခန့်မှန်းအမေရိကန်ဒေါ်လာ ၇၀.၁၁ ဘီလီယံနှင့် ဩဂုတ်လတွင် အမေရိကန်ဒေါ်လာ ၇၀.၆၅ ဘီလီယံဖြစ်ကြောင်း သိရပါသည်။ ၂၀၂၂ ခုနှစ်တွင် ကုန်သွယ်မှုပမာဏသည် စံချိန်တင် အမေရိကန်ဒေါ်လာ ၇၃၂ ဘီလီယံရှိခဲ့သော်လည်း ထိုနှစ်၏ မည်သည့်လမဆို အမေရိကန်ဒေါ်လာ ၇၀ ဘီလီယံ မရရှိခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်၏ အဓိကဈေးကွက်များတွင် စားသုံးမှု အတွက် ဝယ်လိုအားပြန်လည်နာလန်ထူလာမှုကြောင့် ဩဂုတ်လတွင် အမေရိကန်ဒေါ်လာ ၃၇.၅၉ ဘီလီယံနှင့် ဇူလိုင်လတွင် အမေရိကန်ဒေါ်လာ ၃၆.၂၄ ဘီလီယံပမာဏ တင်ပို့နိုင်ခဲ့ကြောင်း သိရ ပါသည်။ ယခုနှစ်၏ ပထမ(၈)လတွင် ပြည်ပသို့ အမေရိကန်ဒေါ်လာ ၂၆၅ ဘီလီယံပမာဏ တင်ပို့ ခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၁၅.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ အဆိုပါကာလအတွင်း ပြည်ပသို့တင်ပို့ရန် ကုန်ထုတ်လုပ်ရန်အတွက် ကုန်ပစ္စည်းတင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၂၄၆ ဘီလီယံရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်တူညီသည့်ကာလထက် ၁၇.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ကုန်ထုတ်လုပ်ရန်အတွက် ပစ္စည်းတင်သွင်းမှုမှာ အမေရိကန် ဒေါ်လာ ၂၃၀.၉၅ ဘီလီယံတန်ဖိုးရှိပြီး စားသုံးကုန်တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံတန်ဖိုးရှိကြောင်း သိရပါသည်။ ရလဒ်အနေဖြင့် ဗီယက်နမ်သည် ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၁၉.၀၇ ဘီလီယံရရှိကြောင်း အချက်အလက်များအရ သိရပါသည်။ ဗီယက်နမ် နိုင်ငံ စုစုပေါင်းတင်ပို့မှု၏ ၁၂ ရာခိုင်နှုန်းသည် စိုက်ပျိုးမွေးမြူရေးထွက်ကုန်နှင့် သတ္ထုတင်ပို့မှုဖြစ် ပြီး ၈၈ ရာခိုင်နှုန်းသည် စက်မှုထုတ်ကုန်တင်ပို့မှုဖြစ်ကြောင်း သိရပါသည်။ အကယ်၍ လက်ရှိ ပြည်ပမှ မှာယူမှုအခြေအနေနှင့် ကုန်တင်သွင်းမှု ကြီးထွားမှုဆက်လက်တည်ရှိနေပါက ယခုနှစ်၏ နိုင်ငံခြားအပြန်အလှန် ကုန်သွယ်မှုပမာဏသည် ၂၀၂၂ ခုနှစ်စံချိန်ကို ကျော်လွန်နိုင်ကြောင်း သိရပါသည်။
Source: Vietnam Plus
DOCA(ရန်ကုန်)