Main menu

ထိုင်းနိုင်ငံတွင် ရွှေငှက်ပျောများ အရောင်းသွက်လျက်ရှိ

Powered by Drupal

          ထိုင်းနိုင်ငံရှိ ငှက်ပျောသီးစိုက်တောင်သူများ၏ ပြောကြားချက်အရ ငှက်ပျောသီးများ၏ ဝယ်လိုအားများမြင့်တက်လာကာ ဈေးနှုန်းများမှာလည်း တသမတ်တည်းမြင့်တက်လျက်ရှိကြောင်း သိရသည်။ Phatthalung ပြည်နယ် Bang Kaew ခရိုင်ရှိ ငှက်ပျောသီးများစိုက်ပျိုးရေးနှင့် ဘေးကင်းရေးကို အဓိကထားလုပ်ဆောင်သည့်အဖွဲ့အား ဦးဆောင်သူ Somchai Nunual  က တစ်ကီလိုလျင် ၁၅ ဘတ်မှ ၃၀ ဘတ်အထိ ဈေးတက်လာခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။ ယခုကဲ့သို့ ဈေးနှုန်းများတိုးလာရခြင်းမှာ လူကြိုက်များလာမှုနှင့် မိုးရွာသွန်းမှုနည်းပါးလာခြင်း ကြောင့်ဖြစ်ကြောင်းသိရသည်။

          Bang Kaew သည် ရွှေငှက်ပျောစိုက်ပျိုးရန် အချက်အခြာနေရာတစ်ခုဖြစ်လာပြီး လယ်သမားများသည် ရော်ဘာ၊ ဆန်နှင့်ဆီအုန်းကဲ့သို့သော သီးနှံများထက် အဆိုပါငှက်ပျောသီး မှာ ဒေသ၊ မြေဆီလွှာနှင့်ပိုမိုသင့်လျော်ကြောင်း တွေ့ရှိခဲ့ကြသည်။ ပြည်တွင်းကုန်သွယ်မှုဦးစီးဌာန နှင့် စိုက်ပျိုးရေးနှင့်သမဝါယမဝန်ကြီးဌာနတို့မှ ခန့်မှန်းချက်များအရ ယခုနှစ်ရိတ်သိမ်းမှုမှာ ယခင်နှစ်တန်ချိန် ၁၂၀၀၀၀ မှ တန်ချိန် ၃၂၀၀၀ ထိ ကျဆင်းသွားမည်ဟု ခန့်မှန်းထားကြသည်။ ငှက်ပျော သီး ၁၀၀ လျှင် ပျမ်းမျှဝင်ငွေသည် ၂၀၂၁ ခုနှစ်တွင် ၂၄၃ ဘတ်မှ ယခုနှစ်တွင် ၂၉၂ ဘတ်ထိ တက် လာသဖြင့် လယ်သမားများ၏ဝင်ငွေတိုးလာကြောင်းသိရသည်။

          ရွှေငှက်ပျောသီးသည် ထိုင်းနိုင်ငံအတွက် အဓိကပို့ကုန်ထုတ်ကုန်ဖြစ်ပြီး အများစုအား ဂျပန်၊ တရုတ်နှင့်ကမ္ဘောဒီးယားနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။ ဂျပန်နိုင်ငံမှ နှစ်စဉ် တန်ချိန် ၈၀၀၀ ခွဲတမ်းသတ်မှတ်ခဲ့သော်လည်း  ကန့်သတ်ချက်များကြောင့် ၎င်း၏ထက်ဝက်သာ ပြည့်မီခဲ့သည်။ ရွှေငှက်ပျောသီးစိုက်ပျိုးမှုတွင် အရေးပါသော အခြားဒေသတစ်ခုဖြစ်သည့် Phetchaburi ခရိုင် Ban Lat နယ်ရှိ လယ်သမားများသည် အပြိုင်အဆိုင်ဈေးနှုန်းနှင့်ဝယ်လိုအား တို့ကြောင့် ပြည်တွင်းဈေးကွက်ကို ဦးစားပေးလျက်ရှိကြောင်း သိရသည်။        

DOCA(ရန်ကုန်)