Main menu

Food Empire သည် ဗီယက်နမ်ရှိ ကော်ဖီထုတ်လုပ်သည့် စက်ရုံသစ်တွင် အမေရိကန်ဒေါ်လာသန်း ၈၀ ရင်းနှီးမြှုပ်နှံ

Powered by Drupal

        အစားအသောက်နှင့် အဖျော်ယမကာကုမ္ပဏီ Food Empire သည် ဗီယက်နမ်ရှိ အေးခဲ အခြောက်ခံထားသော အသင့်သောက်ကော်ဖီထုတ်လုပ်သည့်စက်ရုံသစ်တစ်ခုတွင် အမေရိကန် ဒေါ်လာသန်း ၈၀ ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

          အဆိုပါစက်ရုံသည် ဗီယက်နမ်နိုင်ငံအလယ်ပိုင်း Binh Dinh ခရိုင်တွင်တည်ရှိပြီး Food Empire ၏ ဒုတိယမြောက်ကော်ဖီထုတ်လုပ်သည့်စက်ရုံဖြစ်လာမည်ဖြစ်သည်။ ယင်းလှုပ်ရှားမှုသည် ၎င်း၏ပါဝင်ပစ္စည်းများလုပ်ငန်းကို ကြီးထွားလာစေရန်အတွက် ကွဲပြားသောမဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အဆိုပါအဖွဲ့မှ ဗုဒ္ဓဟူးနေ့(စက်တင်ဘာလ ၁၁ ရက်)တွင် ပြောကြား ခဲ့သည်။

          စက်ရုံ၏ ဆောက်လုပ်ရေးလုပ်ငန်းကို ၂၀၂၅ ခုနှစ်၊ ပထမသုံးလပတ်တွင် စတင်မည်ဖြစ်ပြီး ၂၀၂၈ ခုနှစ် အစောပိုင်းတွင် ပြီးစီးမည်ဟု ခန့်မှန်းထားသည်။ ဗီယက်နမ်နိုင်ငံသည် ကမ္ဘာ့အကြီး ဆုံး robusta  ကော်ဖီစေများထုတ်လုပ်သည့်နိုင်ငံဖြစ်သောကြောင့် ဗီယက်နမ်တွင် အဆိုပါစက်ရုံ ကို နေရာချထားရန် ရွေးချယ်ခဲ့ကြောင်း Food Empire မှ ပြောကြားခဲ့သည်။ အဖွဲ့၏အမှုဆောင် အရာရှိချုပ် Sudeep Nair က ၎င်း၏အရှေ့တောင်အာရှအပိုင်း အထူးသဖြင့် ဗီယက်နမ်သည် မကြာသေးမီနှစ်များအတွင်း တိုးတက်မှုနှုန်းအမြင့်ဆုံးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းစက်ရုံ အသစ်အတွက် ရင်းနှီးမြှုပ်နှံမှုအား ပြည်တွင်းအရင်းအမြစ်များနှင့် ဘဏ်ချေးငွေများဖြင့်ပံ့ပိုးပေး မည်ဖြစ်ကြောင်း သိရသည်။

DOCA(ရန်ကုန်)