Main menu

ရေတာရှည်မြို့နယ်၊ အ.ထ.က သာဂရတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြော

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်ဦးဆောင်သောအဖွဲ့သည် စက်တင်ဘာလ ၁၀ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရေတာရှည်မြို့နယ်၊ သာဂရမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများ အသိပညာပေးဟောပြောခဲ့ပါသည်။

          ရှေးဦးစွာ မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးက မိတ်ဆက်စကားပြောကြားခဲ့ပြီး ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံ ဦးစောသန်းထိုက်ကျော်သည် စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက် လာပုံ၊ ဦးစီးဌာန၏ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် ဦးစီးဌာန၏ ဆောင်ရွက်ချက်များ၊ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ခြင်းများနှင့် ဖြေရှင်းဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းဟောပြောခဲ့ပါသည်။

          ထို့နောက် ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်က အွန်လိုင်းဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူများသတိပြုဆောင်ရွက်သင့်သည့်အချက်များကို ရှင်းလင်းဆွေးနွေးပြီး ကျောင်းသား/ ကျောင်းသူများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ သာဂရမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ (၃၄၆) ဦးတက်ရောက်ခဲ့ပြီး နံနက်(၁၁:၃၀)နာရီအချိန်တွင် ဆွေးနွေးဟောပြောပွဲပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)