Main menu

အုတ်တွင်းမြို့တွင် စားသုံးဆီ လက်လီ/ လက်ကားရောင်းချသူများနှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် အုတ်တွင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့်အတူ  စက်တင်ဘာလ(၉)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် အုတ်တွင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ အုတ်တွင်းမြို့ပေါ်ရှိ စားသုံးဆီ လက်လီ/ လက္ကားရောင်းချသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

           အဆိုပါတွေ့ဆုံပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးသည် စားသုံးဆီများကို သတ်မှတ်ဈေးနှုန်းများအတိုင်း စားသုံးသူပြည်သူများလက်ဝယ်သို့ရောက်ရှိအောင် ရောင်းချပေးရန်၊ လူစုလူဝေးမဖြစ်စေရန်နှင့် အိမ်ထောင်စုတိုင်း သာတူညီမျှစွာရရှိနိုင်ရန်အတွက် စားသုံးဆီဝယ်ယူခွင့်စာအုပ်ဖြင့်ရောင်းချရန်၊ အချင်အတွယ်ပြည့်ဝ၍ သန့်ရှင်းသောဆီများဖြစ်စေရန်၊ ဈေးနှုန်းဖော်ပြထားသည့် ဆိုင်းဘုတ်များကပ်၍ အများမြင်သာအောင်ရောင်းချပေးရန်၊ အိမ်နီးချင်းနိုင်ငံများမှ ဝင်ရောက်လာသော တရားမဝင်ဆီများကို ရောင်းချခြင်းမပြုရန်တို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။

           ထို့နောက် စားသုံးသူပြည်သူများ စားသုံးဆီများကို ဈေးနှုန်းမှန်ကန်စွာဝယ်ယူစားသုံးနိုင်ရေးအတွက် စားသုံးဆီ လက်လီ/ လက်ကားအရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန ပါဝင်သော ပူးပေါင်းအဖွဲ့က ရှောင်တခင်ကွင်းဆင်းစစ်ဆေး၍ သတ်မှတ်နှုန်းထားထက် ကျော်လွန်ရောင်းချသည့် အရောင်းဆိုင်များအား အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ တွေ့ဆုံဆွေးနွေးပွဲသို့ အုတ်တွင်းမြို့မှ စားသုံးဆီ လက်လီ/ လက်ကားရောင်းချသူ ၁၀ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)