Main menu

တောင်ငူမြို့တွင် စားသုံးဆီ လက်လီ/ လက်ကားရောင်းချသူများနှင့်တွေ့ဆုံ

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် စက်တင်ဘာလ(၁၁)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ တောင်ငူမြို့ရှိ စားသုံးဆီ လက်လီ/ လက်ကားရောင်းချသူများနှင့်တွေ့ဆုံကာ ရည်ညွှန်းဈေးဖြင့် ဝယ်ယူရရှိသည့် စားသုံးဆီများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။

           မြို့နယ်တာဝန်ခံသည် စားသုံးဆီများကို သတ်မှတ်ဈေးနှုန်းများအတိုင်း စားသုံးသူပြည်သူများလက်ဝယ်သို့ရောက်ရှိအောင် ရောင်းချပေးရန်၊ လူစုလူဝေးမဖြစ်စေရန်နှင့် အိမ်ထောင်စုတိုင်း သာတူညီမျှစွာရရှိနိုင်ရန်အတွက် စားသုံးဆီဝယ်ယူခွင့်စာအုပ်ဖြင့်ရောင်းချရန်၊ အချင်အတွယ်ပြည့်၍ သန့်ရှင်းသောဆီများဖြစ်စေရန်၊ အိမ်နီးချင်းနိုင်ငံများမှ ဝင်ရောက်လာသော တရားမဝင်ဆီများကို ရောင်းချခြင်းမပြုရန်တို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။

             ထို့နောက် ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက် စားသုံးဆီများဖြန့်ခွဲရောင်းချမည့် အခြေအနေများကိုဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းချက်များကို မြို့နယ်တာဝန်ခံက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ စားသုံးဆီ လက်လီ/ လက်ကားရောင်းချသူ (၁၀) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)