Main menu

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ MyRo တွင် မှတ်ပုံတင်ရေး ဆောင်ရွက်ပေးလျက်ရှိ

Powered by Drupal

     ပြည်တွင်းဒေသထွက် စားသုံးဆန်များအား သင့်တင့်မျှတသောဈေးနှုန်းဖြင့်ရောင်းချနိုင်ရေးနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နေသော မြန်မာဆန်စပါးအွန်လိုင်း  Myanmar  Rice Online (My Ro ) တွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၃ရက်နေ့မှစ၍ ဆန်တန်ချိန်  ၅၀ (သို့မဟုတ်) စပါးတင်း ၅,၀၀၀နှင့်အထက်သိုလှောင်မှုများအား မှတ်ပုံတင်ခြင်းလုပ်ငန်းများကို  တိုင်း/ ခရိုင်များရှိ ဆန်၊ စပါးသိုလှောင်ထားသည့်လုပ်ငန်းရှင်များ၊ ဆန်ကြိတ်ခွဲသည့် ဆန်စက်/ ဆန်ဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခဲ့ရာ  ဆန်စက်/ ဆန်ဆိုင်မှတ်ပုံတင်ခြင်းလုပ်ငန်းများကို စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မှတ်ပုံတင်ရာတွင် လိုအပ်သည့်အချက်များ၊ ဆောင်ရန်ရှောင်ရန်အချက်များ၊ သတ်မှတ်ထားသည့် မှတ်ပုံတင်ကြေးများ၊ သတင်းထုတ်ပြန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌  ၂၀၂၄ခုနှစ်၊ ဇွန်လမှ သြဂုတ်လအထိ ဆန်၊ စပါးသိုလှောင်ထားသည့် လုပ်ငန်းရှင်များ၊ ဆန်စက်များ/ ဆန်ဆိုင်များ လာရောက်မှတ်ပုံတင်ထားရှိသူ (၃၉)ဦးနှင့် ရွှေဘိုခရိုင်ဦးစီးမှူးရုံးဦးစီးရုံးသို့ မှတ်ပုံတင်ထားရှိသူ (၇၁) ဦး၊ စုစုပေါင်း (၁၁၀) ဦးရှိကြောင်းနှင့် မှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များအနေဖြင့် လစဉ်၊ ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန်စာရင်းများ Update ပြုလုပ်ရန်နှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)