Main menu

“အွန်လိုင်းစနစ်ရောင်းချခြင်း (Online Sale) လုပ်ငန်းများ မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းနှင့်ပတ်သက်၍ သိကောင်းစရာ Talk Show ကျင်းပပြုလုပ်

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှမုံရွာမြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းဝေသည် (၁၁-၉-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု (Community Center) ခန်းမ၌ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sale) လုပ်ငန်းများ မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းနှင့်ပတ်သက်၍ သိကောင်းစရာများကို အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြပါသည်။

        စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာမြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းဝေက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်အကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုကို Online ဖြင့် အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်နေကြသူမည်သူမဆို အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ်လျှောက်ထားရရှိပြီးမှသာ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်လိုသူများအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက သတ်မှတ်ထားသော လျှောက်လွှာပုံစံများတွင်ဖြည့်သွင်းပြီး အွန်လိုင်းစနစ်နှင့် ဦးစီးဌာနသို့ လျှောက်ထားရမည်ဖြစ်ကြောင်း၊  Online မှတ်ပုံတင်လျှောက်ထားရာတွင် အမျိုးအစား (၂) မျိုးရှိပြီး မှတ်ပုံတင်လျှောက်ထားလျှင် ပေးသွင်းရမည့်မှတ်ပုံတင်ကြေးများ၊ သက်တမ်းတိုးကြေးများ၊ ပြင်ဆင်ချက်တစ်ချက်ပြင်ဆင်လိုလျှင် သတ်မှတ်ထားသည့်ပြင်ဆင်ကြေးများအကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိပြီး ရောင်းချသူများအနေဖြင့် ရရှိနိုင်သည့်အခွင့်အရေးများအကြောင်းကို    ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)