Main menu

ညောင်ဦးခရိုင်ဦးစီးမှူးရုံးတွင် စားသောက်ကုန်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

Powered by Drupal

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များအား လုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူများသိရှိနားလည်လိုက်နာစေရန်နှင့် နစ်နာဆုံးရှုံးမှုများကို အရေးဆိုတိုင်ကြားနိုင်ရန်အတွက် ကွင်းဆင်းတွေ့ဆုံမှုများ၊ အသိပညာပေးဟောပြောဆွေးနွေးမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ (၆-၉-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၆:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး) သည် စားသောက်ကုန်လုပ်ငန်းရှင်များအား ခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌တွေ့ဆုံ၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

         အဆိုပါဟောပြောဆွေးနွေးမှုတွင် ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)က စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏အခွင့် အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့ကြား ကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်း စဉ်ကိုဆိုလိုသည့်အတွက် စားသုံးသူများကိုကာကွယ်ပေးပြီး စီးပွားရေးလုပ်ငန်းရှင်များကို ဖိနှိပ်ခြင်းမျိုးမဟုတ်ဘဲ စားသုံးသူများကို အပြည့်အဝကာကွယ်ပေးပြီး တဖက်မှလည်း စီးပွားရေးလုပ်ငန်းရှင်များ၏ ထုတ်လုပ်သည့်ကုန်ပစ္စည်းများ အရည်အသွေးပြည့်ဝကောင်းမွန်၍ ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပဈေးကွက်ထိ ထိုးဖောက်ရောင်းချနိုင်စေရန် တွန်းအားတစ်ခုဖြစ်ပြီး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ကာ လုပ်ငန်းရှင်များလည်း အကျိုးစီးပွားဖြစ်ထွန်းလာစေနိုင်ကြောင်းနှင့် စားသုံးသူပြည်သူများမှာလည်း လုံခြုံစိတ်ချရမှုနှင့်အာမခံချက်ပေးနိုင်သော ကုန်စည်များကို စားသောက်သုံးစွဲလာရသဖြင့် ထိခိုက်နစ်နာဆုံးရှုံးမှုများနည်းပါးလာကာ လူမှုဘဝများသာယာလာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက် များကို လုပ်ငန်းရှင်များအနေဖြင့် နားလည်သဘောပေါက်ပြီး လိုက်နာဆောင်ရွက်ကြရန်နှင့် စားသုံးသူအား စိတ်စေတနာအပြည့်အဝထားရန်လိုအပ်ကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိသင့်သိထိုက်သည့်အကြောင်းအရာများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိရမည့် အချက်များအား ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြောင်းနှင့် ဟောပြောဆွေးနွေးပွဲသို့ ညောင်ဦးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ လက်ဖက်ရည်ဆိုင်လုပ်ငန်းရှင်များ၊ ပဲကြော်လုပ်ငန်းရှင်များ၊ အာလူးကြော်လုပ်ငန်းရှင်များ၊ ကိတ်မုန့်ပေါင်မုန့်လုပ်ငန်းရှင်များ၊ လက်ဖက်ပဲကြမ်းလုပ်ငန်းရှင်များ၊ စုစုပေါင်း( ၇၀ )ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)