Main menu

ကန့်ဘလူမြို့နယ်တွင် ရပ်ကွက်ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၁၃ရက်နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် (အငယ်တန်းစာရေး) တို့သည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ  ကုန်စုံဆိုင်များတွင်ရောင်းချနေသော စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများတွင် ကုန်အညွှန်အမှတ်အသားများကို (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/မရှိစစ်ဆေးခဲ့ကြောင်း၊ တာဝန်ခံက လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသည့်ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည့်ကုန်စည်များ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ စသည်တို့ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုရောင်းချရန်နှင့် မိမိတို့၏ကုန်စည်များကို အွန်လိုင်းစနစ်မှတစ်ဆင့် ရောင်းချမည်ဆိုပါက အွန်လိုင်းစနစ်ဖြင့် ရောင်းချခွင့်မှတ်ပုံတင်လက်မှတ်ရရှိပြီးမှသာ ရောင်းချခွင့်ရှိကြောင်း၊ မှတ်ပုံတင်လက်မှတ်မရှိဘဲ ရောင်းချပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)