ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ( ၁၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့ ၊ လေးကုန်း အ.မ.က ကျောင်းရှိ ဆရာ/ဆရာမနှင့် ကျောင်းသား/ သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များအကြောင်း၊ ကျောင်းသား/သူများအား အသင့်စားမုန့်အမျိုးမျိုးကို ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို အဓိကဖတ်ရှု၍ ဝယ်ယူသုံးစွဲကြရန် နှင့် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုရှိလာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများကိုပြောကြားခဲ့ပြီး ဆရာ/ မ (၄) ဦးနှင့် ကျောင်းသား/ သူ (၅၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)