ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်နှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ်၊ ချောင်းဖျားကျေးရွာရှိ “အမေ့သားဂုဏ်ရောင်” ဆန်စက်သို့ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်စက်အတွင်း ခေတ်မီစက်ယူနစ်များ တပ်ဆင်အသုံးပြုမှုအခြေအနေ၊ လက်ရှိဖြစ်ပေါ်နေသော ဆန်စပါးဈေးနှုန်းဈေးကွက်အခြေအနေနှင့် ဆန်စပါးသိုလှောင်ထားရှိမှုအခြေအနေတို့ကိုစစ်ဆေးခဲ့ကြပါသည်။ ထို့ပြင် မြို့နယ်တာဝန်ခံက MSMEs လုပ်ငန်းနှင့်ပတ်သက်၍ အရည်အသွေးပြည့်ဝကောင်းမွန်သော ထုတ်ကုန်များထုတ်လုပ်နိုင်ခြင်းရှိ/ မရှိ၊ ပုဂ္ဂလိကကဏ္ဍနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စပါးအရည်အသွေးထုတ်လုပ်မှုပြည့်မီစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့်ပတ်သက်၍ ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်မှသာ ပြည်တွင်းစားနပ်ရိက္ခာဖူလုံခြင်းနှင့် ပြည်ပဈေးကွက်သို့လည်း ထုတ်ကုန်များတင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုရှိမှသာ တိုင်းပြည်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေးခဲ့သည်ဟု သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)