![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/နှမ်းနက်_5.jpg?itok=4pX9TkUm)
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၏ မြို့နယ်(၄)မြို့နယ်ဖြစ်သော ပြည်မြို့၊ ရွှေတောင်မြို့၊ ပန်းတောင်းမြို့နှင့် ပေါက်ခေါင်းမြို့နယ်တို့တွင် ဩဂုတ်လနောက်ဆုံးပတ်နှင့် စက်တင်ဘာလ ဆန်းပိုင်းတွင် မိုးနှမ်းအသစ်များ စတင်ထွက်ပေါ်လာနေပြီဖြစ်ပါသည်။ ထိုမြို့နယ်များရှိ နှမ်းစိုက်ပျိုး သောကျေးရွာများမှ ပြည်မြို့ရှိပွဲရုံများနှင့် ဈေးကွက်များအတွင်းသို့ဝင်ရောက်မှုရှိသဖြင့် နှမ်းအရောင်းအဝယ်နေ့စဉ်ဖြစ်လျက်ရှိပါသည်။ နှမ်းများအနေဖြင့် ယခုစက်တင်ဘာလဒုတိယပတ်တွင် နှမ်းနီ တစ်တင်းလျှင် ၁၂၀၀၀၀ကျပ်၊ နှမ်းနက်တစ်တင်းလျှင် ၁၄၅၀၀၀ကျပ်နှင့် စမုံနက်နှမ်းတစ်တင်းလျှင် ၁၅၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်ဩဂုတ်လနောက်ဆုံးပတ်တွင် နှမ်းနီ တစ်တင်းလျှင် ၁၂၃၀၀၀ကျပ်၊ နှမ်းနက်တစ်တင်းလျှင် ၁၅၀၀၀၀ကျပ်နှင့် စမုံနက်တစ်တင်းလျှင် ၁၇၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခုစက်တင်ဘာလဒုတိယပတ်တွင် နှမ်းများ လှိုင်လှိုင်ထွက်ပေါ်လာ၍ နှမ်းဈေးများကျဆင်းလာသည်ဟု သိရပါသည်။ မိုးနှမ်းများ ထွက်ပေါ်ချိန်တွင် နှမ်းဈေးများ ကျဆင်းလာသဖြင့် တောင်သူများအဖို့ တွက်ချေမကိုက်ဘဲ အမြတ်အစွန်း အနည်းငယ်သာရရှိသည်ဟု သိရပါသည်။ နှမ်းဆီဈေးမှာလည်း နှမ်းဈေးများကျဆင်းလာ၍ တစ်ပိဿာလျှင် ယခင်က ၂၀၀၀၀ကျပ်ခန့်ရှိခဲ့ပြီး ယခုစက်တင်ဘာလ ဒုတိယပတ်တွင် နှမ်းဆီ တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်ဖြင့် တစ်ပိဿာလျှင် ၂၀၀၀ကျပ်ခန့်ဈေးနှုန်းများ ကျဆင်းလာခဲ့ပါသည်။
DOCA(ပဲခူး)