Main menu

ဇီးကုန်းမြို့နယ်တွင် မိုးစပါးများစတင်ရိတ်သိမ်း

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် မိုးစပါးများကို တောင်သူအချို့ ဩဂုတ်လစတုတ္ထပတ်မှစ၍ ရိတ်သိမ်းလျက်ရှိပါသည်။ ဇီးကုန်းမြို့နယ်တွင် မြို့ပေါ် (၅) ရပ်ကွက်နှင့်  ကျေးရွာအုပ်စု (၂၉) အုပ်စုပေါင်း(၃၄)အုပ်စုရှိပြီး မိုးစပါးစိုက်ပျိုးဧက (၄၈၀၇၇) ရှိပါသည်။

      စက်တင်ဘာလပထမပတ်အထိ ကျေးရွာအုပ်စု (၇)အုပ်စုခန့်မှ ဧည့်မထအုပ်စု၊ ရတနာတိုး၊ ရက်၉၀၊ ဆင်းသုခ၊ ထိုင်းနှံကောက်နှင့် ဗီယက်နမ်စပါးမျိုးများကို ဧက (၃၀)ခန့် ရိတ်သိမ်းလျက် ရှိပါသည်။ ယခုလက်ရှိ စပါးတင်း(၁၀၀)ပေါက်ဈေးနှုန်းမှာ တစ်တင်းလျှင်ပေါင်(၅၀)ဖြင့် ကွင်းပေါက် ဈေး ငွေကျပ်(၁၆၀၀၀၀-၁၆၅၀၀၀) ရှိပြီး တစ်ဧကပျှမ်းမျှအထွက်နှုန်း တင်း(၉၀-၁၂၀) ထွက်ရှိကြောင်း ရွာမကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာမှ တောင်သူဦးဇော်ဝင်းထံမှ သိရပါသည်။

      မိုးစပါးစိုက်ပျိုးစရိတ် ကုန်ကျမှုအနေဖြင့် တစ်ဧက(မျိုး၊ သွင်းအားစု၊ စိုက်ပျိုးစရိတ်၊ အလုပ်သမားခ) စုစုပေါင်း ငွေကျပ် (၅၅၀၀၀၀)ကုန်ကျ၍ ယခုလက်ရှိ အကျိုးအမြတ်အားဖြင့်  ငွေကျပ် (၉၃၅၀၀၀)ခန့်ရရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)