Main menu

Orange (ရွှေပြည်သာ)နှင့် Terminal-M ရှိ Ocean Center များရှိ ဆန်ဈေးနှုန်းများကို ကြီးကြပ်ဆောင်ရွက်ခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဈေးကွက်အတွင်း သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစိစစ်ကြပ်မတ်သွားရန် ညွှန်ကြား ချက်အရ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဈေးကွက်အတွင်း (၁၃-၉-၂၀၂၄) ရက်နေ့တွင် ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ Orange နှင့် မင်္ဂလာဒုံမြို့နယ်ရှိ Ocean Super Center များအတွင်း ရောင်းချနေသော ဧရာဝတီပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်း၊ ရက်(၉၀)ဆန်တို့၏ ဆန်အမျိုးအစား၊ အမှတ်တံဆိပ်တို့၏ (KG)ဆန်ဈေးနှုန်းများကိုစိစစ်ခဲ့ကြပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုလုပ်ကြရန်နှင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)