မော်လဒိုက်နိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ဖြစ်သူ Trinh Thi Tam က ၎င်း၏သံအမတ်ခန့်အပ်လွှာကို မော်လဒိုက်သမ္မတ Mohamed Muzzu ကိုပေးအပ်သည့် စက်တင်ဘာလ ၁၀ရက်နေ့တွင် ဗီယက်နမ်-မော်လဒိုက်ကြား များစွာသောစီးပွားရေးနယ်ပယ်တို့တွင် ချိတ်ဆက်မှုအရှိန်မြှင့်တင်ရန်ရည်ရွယ်၍ ဆွေးနွေးကျင်းပခဲ့ကြောင်းသိရပါသည်။ သီရိလင်္ကာနှင့် မော်လဒိုက်နိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးနှင့် မော်လဒိုက်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန (MEDT) တို့ကပူးပေါင်းဆောင်ရွက်ကျင်းပသည့် အခမ်းအနားသည် နှစ်ဦးနှစ်ဦးနှစ်ဖက်ဆက်နွှယ်မှုပိုမိုနက်ရှိုင်းရန် သိသာထင်ရှားသည့် ခြေလှမ်းတစ်ရပ်ဖြစ်ခဲ့ကြောင်းသိရပါသည်။ သံအမတ်က ဆွေးနွေးပွဲသည် မော်လဒိုက်အစိုးရတာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များတို့ကို ဗီယက်နမ်၌ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများအား ပိုမိုနားလည်စေရန် ပံ့ပိုးပေးနိုင်မည်ဟု မျှော်လင့်ကြောင်းပြောကြားခဲ့ပါသည်။ Tam က ယခုဆွေးနွေးမှုသည် နှစ်နိုင်ငံကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကိုအရှိန်မြှင့်တင်နိုင်ရန် ကူညီပေးမည်ဟုပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံကြား နှစ်စဉ်ကုန်သွယ်မှုသည် ယခုအခါ အမေရိကန်ဒေါ်လာ ၁၅သန်းပတ်လည်တွင်ရှိပြီး ဗီယက်နမ်၌ မော်လဒိုက်၏ တစ်ခုတည်းသော ရင်းနှီးမြှုပ်နှံမှုစီမံကိန်းသည် အမေရိကန်ဒေါ်လာ ၂၃သန်းတန်ဖိုးရှိကြောင်းသိရပါသည်။ ဗီယက်နမ်သံရုံးသည်လည်း နှစ်ဦးနှစ်ဖက်အကျိုးအမြတ်ရှိမည့် နယ်ပယ်များတွင် နှစ်နိုင်ငံလုံးမှ စီးပွားရေးလုပ်ငန်းများကြား ချိတ်ဆက်မှုလွယ်ကူစေရေးဆောင်ရွက်ပေးရန် အဆင်သင့်ဖြစ်နေကြောင်းသိရပါသည်။ Tam က မော်လဒိုက်တွင် စီးပွားရေးအခွင့်အလမ်းများရှာဖွေရန် ဗီယက်နမ်စီးပွားရေးကိုယ်စားလှယ်အဖွဲ့ကို အလည်အပတ်ဖိတ်ခေါ်ရန် ကမ်းလှမ်းခဲ့ကြောင်းသိရပါသည်။ MEDT ၏ ဝန်ကြီးဖြစ်သူ Hussain Zamir က ခရီးသွားကဏ္ဍ၊ ဆောက်လုပ်ရေး၊ ငါးလုပ်ငန်း၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေးနှင့် ပညာရေးတို့တွင် အပြန်အလှန်ဆက်ဆံရေးပိုမိုအားကောင်းရန် အလားအလာကိုပြောကြားခဲ့သည်။ Zamir က ဗီယက်နမ်ကို အားကောင်းသောကုန်ထုတ်လုပ်မှုကဏ္ဍနှင့်အတူ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာသော စီးပွားရေးနှင့် နိုင်ငံတကာကုန်သွယ်ရေးကွန်ရက်တွင် သိသာထင်ရှားသည့် အခန်းကဏ္ဍအဖြစ် မြင့်တက်လာမှုကို အမွှမ်းတင်ပြောကြားခဲ့ပါသည်။ ထို့ပြင် Zamir က မော်လဒိုက်သည် မဟာဗျူဟာမြောက်တည်နေရာနှင့် အားကောင်းသောခရီးသွားကဏ္ဍကြောင့် ၎င်း၏စီးပွားရေးမိတ်ဖက်များနှင့် ဈေးကွက်များကိုကွဲပြားရန် ရှာဖွေနေကြောင်းပြောကြားခဲ့ပါသည်။ မော်လဒိုက်လုပ်ငန်းများကလည်း ပင်လယ်စာ၊ စားသောက်ကုန်၊ သစ်သီးများ၊ အဝတ်အစားနှင့် ခြေအိတ်ကဲ့သို့သော ခရီးသွားကဏ္ဍအတွက် တင်သွင်းရန်ပုံမှန်ဝယ်လိုအားရှိကြောင်းပြောကြားခဲ့ပါသည်။ ထို့ပြင် မော်လဒိုက်၌ ခရီးသွားကဏ္ဍ၊ ဆောက်လုပ်ရေးနှင့် ငါးလုပ်ငန်းကဏ္ဍများတွင် လည်းကျွမ်းကျင်မှုရှိသော လုပ်သားလိုအပ်နေကြောင်းသိရပါသည်။ ဆွေးနွေးပွဲတွင် ဗီယက်နမ်သံရုံးသည်များစွာသော ဗီယက်နမ်လက်မှုထုတ်ကုန်များ၊ ကော်ဖီ၊ ပိန္နဲသီးခြောက်နှင့် ကြာစေ့ကဲ့သို့သော လူကြိုက်များသည့် ကုန်ပစ္စည်းများကိုပြသခဲ့ကြောင်းသိရပါသည်။
Source: VietnamPlus
DOCA(ရန်ကုန်)