Main menu

ပဲခူးမြို့၊ မုန့်မျိုးစုံဆိုင်များရှိ နို့နှင့်နို့ထွက်ပစ္စည်းအသုံးပြုမုန့်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းပြုလုပ်

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ပဲခူးခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၁၂-၉-၂၀၂၄)ရက်နေ့၊ (၁၃-၉-၂၀၂၄)ရက်နေ့၊ (၁၆-၉-၂၀၂၄) ရက်နေ့များတွင် ပဲခူးခရိုင်၊ ပဲခူးမြို့၊ သနပ်ပင်မြို့၊ ဝေါမြို့ မြို့ပေါ်တို့ရှိ မုန့်မျိုးစုံရောင်းချသောဆိုင်များနှင့် mini mart များသို့သွားရောက်ရ၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

        ပဲခူးမြို့၊ သနပ်ပင်မြို့၊ ဝေါမြို့ မြို့ပေါ်တို့ရှိ မုန့်မျိုးစုံဆိုင်များနှင့် mini mart များသို့ရောင်းချနေသော နို့နှင့်နို့ထွက်ပစ္စည်းအသုံးပြု မုန့်အမျိုးမျိုးကို မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများဖော်ပြထားခြင်းရှိ/ မရှိကို စျေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသည်ကိုတွေ့ရှိရပါသည်။

          ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီမှ ယခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်ရန် အတည်ပြုသတ်မှတ်ပေးခဲ့သော ကုန်စည် (၁၀)မျိုးကို အစီအစဉ်အလိုက် ဆောင်ရွက်ရာ၌ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးကို စျေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)