
၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၁၇)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့သည် မြိတ်မြို့ပေါ်ရှိ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များသို့သွားရောက်၍ ဘိလပ်မြေများ၏ လက်ကျန်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့ပေါ်ရှိ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များ၌ ဘိလပ်မြေများပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ပစ္စည်းဝင်ရောက်မှုအခြေအနေနှင့် စျေးနှုန်းများကိုစုံစမ်းမေးမြန်းခဲ့ပြီး ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပါရှိစေရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)