Main menu

ယူကရိန်းသို့ အီးယူ၏ လျှပ်စစ်ဓာတ်အားတင်ပို့မှုသည် ဒေသတွင်းဈေးကွက်ကို အနှောက်အယှက်ဖြစ်ခြင်း

Powered by Drupal

     လျှပ်စစ်ဓာတ်အားလိုင်းအား ရုရှား၏တိုက်ခိုက်မှုကြောင့် ယူကရိန်းသို့ အီးယူမှ လျှပ်စစ်ဓာတ်အားတင်ပို့မှု သိသိသာသာ တိုးလာခဲ့ပြီး အရှေ့ဥရောပတွင် ဈေးနှုန်းများ သိသိသာသာဖြင့် မြင့်တက်လာခဲ့သောကြောင့် ဂရိဝန်ကြီးချုပ်ကသတိပေးခဲ့သည်။

      Finalcal Times မှ ကိုးကား၍ ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursual Von der Leyen ထံ ပေးပို့သောစာတွင် Kyriakos Mitsotakis က ပြီးခဲ့သည့် လတွင် ဓာတ်အားခသည် တစ်မဂ္ဂါဝပ်လျှင် ယူရို ၁၃၀ ရှိပြီး ယူရို ၆၀ မှ မြင့်တက်သွားခဲ့ဟု ပြောကြားသွားခဲ့သည်။ ယင်းကဲ့သို့ မြင့်တက်သွားရခြင်းမှာ ယူကရိန်းသို့ အီးယူမှ လျှပ်စစ်ဓာတ်အားတင်ပို့မှုသည် ယခုနှစ်တွင် ခြောက်ဆနီးပါးမြင့်တက်လာခြင်းကြောင့် ဖြစ်သည်။ စစ်မဖြစ်မီက ယူကရိန်းနိုင်ငံသည် လျှပ်စစ်ဓာတ်အား အသားတင်တင်ပို့သော နိုင်ငံဖြစ်ခဲ့သည်။

     အရှေ့ဥရောပတွင် လျှပ်စစ်ဓာတ်အားခများ ပိုမိုမြင့်မားလာစေသည့် အခြားအကြောင်းအရင်းများထဲတွင် ဆည်များစွန့်ထုတ်ခြင်း၊ နွေရာသီအပူရှိန်နှင့် လျှပ်စစ်အား ပြတ်တောက်ခြင်းကိုဖြစ်စေသည့်  မိုးရွာသွန်းမှုနည်းခြင်းတို့ကြောင့်ဖြစ်သည်ဟု  fTမှ ဂရိဝန်ကြီးချုပ်ပေးစာတွင် ၎င်း၏ အစီရင်ခံစာတွင် ရေးသားထားသည်။ ယခုသတင်းအပတ်အစောပိုင်း က ECB ဥက္ကဋ္ဌဟောင်း Mario Draghi ကကော်မရှင်မှ တာဝန်ပေးထားသည့် အစုအဖွဲ့၏ စီးပွားရေးဆိုင်ရာ အစီရင်ခံစာကို ပြင်ဆင်ရာတွင် လျှပ်စစ်ဓာတ်အားခ မြင့်အားမှုသည် ဥရောပစီးပွားရေးလုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်စေသည်ဟု သတိပေးခဲ့သည်။

      ၎င်း၏အစီရင်ခံစာတွင် Draghi မှ ဈေးသက်သာသောစွမ်းအင်ကို အခွင့်ကောင်းယူရန်၊ လေနှင့် နေရောင်ခြည်မှ လျှပ်စစ်ဓာတ်အားဈေးနှုန်းကို ဓာတ်ငွေ့ဈေးနှုန်းမှ ခွဲထုတ်ကြောင်း အကြံပြုခဲ့သည်။ စွမ်းအင်ဈေးနှုန်းများသည် ပိုမိုတည်ငြိမ်လာပြီး အကာအကွယ်ဈေးနှုန်းများ မြင့်တက်လာရကာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်များအတွက် မသေချာမရေရာမှုများ တိုးလာစေသည်ဟု Draghi က၎င်း၏အစီရင်ခံစာတွင် ပြောကြားခဲ့သည်။

SOURCE: oilprice   

DOCA(ရန်ကုန်)