Main menu

တောင်ကိုရီးယားနိုင်ငံတွင် ဗီယက်နမ်ကုန်ပစ္စည်းများနှင့် ကုန်သည်များရောက်ရှိမှုမြင့်တက်လာခြင်းသည် နှစ်ဖက်စလုံးအတွက် အကျိုးရှိကြောင်း ဝန်ကြီးပြောကြား

Powered by Drupal

     တောင်ကိုရီးယားနိုင်ငံ၏ အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SMEs) ဝန်ကြီး Oh Young-Joo သည် တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမှတ် Vu Ho နှင့် ဂျာမနီ သံအမတ် Wilfried Schmidt တို့နှင့်အတူ ဆိုးလ်မြို့လယ်ရှိ Kyungdong ဈေးသို့ စက်တင်ဘာလ ၁၃ ရက်နေ့က သွားရောက်လည်ပတ်ခဲ့ကြောင်း သိရပါသည်။ Kyungdong သည် တောင်ကိုရီးယားနိုင်ငံ၏ အကြီးမားဆုံးအထွေထွေနှင့် တိုင်းရင်းဆေးဈေးဖြစ်ပြီး များစွာသော ဗီယက်နမ်လူမျိုးများသည် ထိုဈေး၌ စီးပွားရေး လုပ်ကိုင်လျက်ရှိကြောင်း သိရပါသည်။ လည်ပတ်မှုအတွင်း ဝန်ကြီး Oh က တောင်ကိုရီးယားနိုင်ငံ၏ အစဉ်အလာ ဈေးကွက် မော်ဒယ် များနှင့် အားလပ်ရက်အတွင်း ကျင်းပခဲ့သည့် ပွဲတော်များကို မိတ်ဆက်ပြောကြားခဲ့ပါသည်။ ဝန်ကြီးက ယခုနှစ်တွင် September Donghaeng Festival ဟု အမည်ရသည့် နိုင်ငံတော် စားသုံးမှုပွဲတော်ကို တောင်ကိုရီးယား၏ SME ထုတ်ကုန်များကို မိတ်ဆက်ရန် ပထမဆုံး အနေဖြင့် ပြည်ပ၌ ကျင်းပခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းပွဲတော် ကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ဩဂုတ်လနှောင်းပိုင်း၌ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ဝန်ကြီးက တောင်ကိုရီးယားနိုင်ငံ၏ အရေးပါသော စီးပွားရေး မိတ်ဖက်များဖြစ်သည့် ဗီယက်နမ်နှင့် ဂျာမနီတို့၏ ပူးပေါင်းရန် အားထုတ်မှုများသည် အနာဂတ်တွင် သုံးနိုင်ငံအကြား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ကူညီပေးမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ တောင်ကိုရီးယားနိုင်ငံသည် တောင်ကိုရီးယားနိုင်ငံက ပြုလုပ်သော ထုတ်ကုန်များကို ဗီယက်နမ် အပါအဝင် ပြည်ပနိုင်ငံများကို တင်ပို့ရန် ကြိုးပမ်းနေကြောင်းသိရပါသည်။ ဝန်ကြီးက တောင်ကိုရီးယားနိုင်ငံ ဗီယက်နမ်ကုန်ပစ္စည်းများနှင့် ပြည်တွင်းဈေးများတွင် ဗီယက်နမ် ကုန်သည်များတည်ရှိမှု မြင့်တက်လာခြင်းသည် နှစ်ဖက်စလုံးအတွက် ကောင်းမွန်ကြောင်းနှင့် တောင်ကိုရီးယားအာဏာပိုင်များက အဆိုပါ အချက်ကို မြှင့်တင်ရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့ပါသည်။ တောင်ကိုရီးယားအစိုးရသည် ဗီယက်နမ်ထံမှ မွေးမြူရေး ထုတ်ကုန်များအား ၎င်းတို့၏ ဈေးကွက်သို့ ဝင်ရောက်လာရန်အတွက် လုပ်ထုံးလုပ်နည်းများကို တက်ကြွစွာ ညှိနှိုင်းလျက်ရှိကြောင်း သိရပါသည်။ ထို့ပြင် ဗီယက်နမ်၏ ကျွဲကောသီးများ တင်သွင်းရန်အတွက် လုပ်ထုံးလုပ်နည်းများမှာ လတ်တလောတွင် ပြီးမြောက်သွားကြောင်း သိရပါသည်။ သို့သော် ပင်လယ်စာ၊ မွေးမြူရေးထုတ်ကုန်၊ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးများ တင်သွင်းရန်အတွက် တင်းကျပ်သည့် Quarantine စည်းမျဉ်းများကို လိုက်နာရန်လိုပြီး တောင်ကိုရီးယားဈေးကွက်သို့ ပိုမိုအရည်အသွေးကောင်းသော ဗီယက်နမ်ထုတ်ကုန်များ ဝင်ရောက်ရန် မူဝါဒပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ဝန်ကြီးကပြောကြားခဲ့ပါသည်။

Source: VietnamPlus

DOCA(ရန်ကုန်)