
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၇-၉-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် ထန်းတပင်မြို့နယ်ရှိ စက်သုံးဆီဆိုင်သို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ထန်းတပင်မြို့နယ်ရှိ ရွှေဗျိုင်းဖြူစက်သုံးဆီဆိုင်၌ စက်သုံးဆီများကို သတ်မှတ်ရက်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိ၊ ရရှိသောခွဲတမ်းများကို ပြန်လည်ရောင်းချရာတွင်လည်း လီတာများပြည့်ဝမှုရှိ/မရှိ၊ ရောင်းချသော စက်သုံးဆီအမျိုးအစားများ နေ့စဉ်ပြတ်လပ်မှုများကို ဆိုင်တာဝန်ခံများအား အသေးစိတ်ဆွေးနွေးပြောကြားခဲ့ပြီး သတ်မှတ်ဈေးနှုန်းဖြင့်သာဖြန့်ဖြူးရောင်းချပေးကြရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ကြရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)