
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကို ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မအူပင်ခရိုင်လူထုအခြေပြုဗဟိုဌာန(Communit Center) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲ၌ မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူပြည်သူများ ယခုရေပန်းစားခေတ်စားလာသော online ရောင်းဝယ်မှုတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ online ဝယ်ယူအသုံးပြုသူများ သိသင့်သိထိုက်သောအချက်အလက်များနှင့် မြေပြင်တွင် စားသုံးသူရေးရာဦးစီးဌာန၏ online နှင့်ပတ်သတ်၍ ဆောင်ရွက်သည်များကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)