ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် မြို့နယ်မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၆-၉-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် (၁၅)လမ်း ကမ်းနားရှိ စက်သုံးဆီရောင်းချနေသော ဧရာရွှေဝါကုမ္ပဏီလီမိတက်တွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်းရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မော်ကျွန်းမြို့နယ်တာဝန်ခံက (၁၅)လမ်း ကမ်းနားရှိ စက်သုံးဆီများ လက်လီ/လက္ကားရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချကြရန်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး စက်သုံးဆီရောင်းချနေသောဆိုင်ပိုင်အား စက်သုံးဆီရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းကြီးမြင့်နေမှုကို မိမိတို့ဆိုင်များအနေဖြင့် ပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ သတ်မှတ်ဈေးနှုန်းဖြင့်သာရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများကိုတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာရွှေဝါကုမ္ပဏီလီမိတက်မှ ဆိုင်ပိုင်ရှင်အား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)