ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်မှ ငွေစာရင်းတာဝန်ခံ ဒေါ်ချယ်ရီမြင့် (ဒု-ဦးစီးမှုး)နှင့် ဒေါ်သင်းလဲ့ကြူ(အငယ်တန်းစာရေး)တို့သည် (၁၃-၉-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ငွေစာရင်းဌာနညွှန်ကြားရေးမှူးဦးဆောင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ငွေစာရင်းဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး Zoom Metting ဖြင့်ပြုလုပ်သည့် အစည်းအဝေးပွဲသို့ Online Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပထမဦးစွာ ညွှန်ကြားရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ငွေစာရင်းကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပြီးနောက် ဧရာဝတီတိုင်းဒေသကြီးမှ ခရိုင်များ၊ ပဲခူးတိုင်းဒေသကြီးဦစီးမှူးရုံး၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့်ခရိုင်များ၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့်ခရိုင်များ၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့်ခရိုင်များ၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ သထုံခရိုင်ဦးစီးမှူးရုံး၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၊ CTQM ဦးစီးမှူးရုံး၊ နေပြည်တော်ဦးစီးမှူးရုံး စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဆွေးနွေးတင်ပြကြပြီး တက်ရောက်သူများကလည်း သီးခြားတင်ပြပါက တင်ပြနိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ငွေစာရင်းဌာနခွဲညွှန်ကြားရေးမှူးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး စာရင်းစစ်ကန့်သတ်ချက်ခံရသော ခရိုင်များကိုနမူနာထား၍ နောင်မဖြစ်သင့်ကြောင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များအနေဖြင့် ပြင်ဆင်ဆောင်ရွက်နိုင်ရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး အစည်းအဝေးအား နံနက်(၁၁:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)