Main menu

အာဆီယံကုန်အညွှန်းအမှတ်အသားနှင့် ထုတ်ကုန်လုံခြုံစိတ်ချရေးတံဆိပ်များ တိုးတက်သော အဆင့်သို့ရောက်ရှိ

Powered by Drupal

        အာဆီယံထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာနှင့် အမှတ်တံဆိပ်ဆိုင်ရာလမ်းညွှန်ချက်များ ဖွံ့ဖြိုးတိုးတက်မှုအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ကျင်းပခဲ့သည်။ အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ (ACCP) မှ ထုတ်ကုန်ဘေးကင်းရေးနှင့် စံနှုန်းများအတွက်  နယ်ပယ်နှင့်နည်းလမ်းများကို ရေးဆွဲရန် UK မှ ကုန်ပစ္စည်းလုံခြုံစိတ်ချရမှုနှင့် စံသတ်မှတ်ချက်များရုံး(OPSS)နှင့်ပူးပေါင်းဆွေးနွေးခဲ့ကြသည်။

       လမ်းညွှန်ချက်များသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ထုတ်ကုန်ဘေးကင်းရေးနှင့် တိကျသောတံဆိပ်ကပ်ခြင်းအတွက် ကိုးကားချက်အဖြစ် ဆောင်ရွက်မည်ဖြစ်ပါသည်။ နိုင်ငံတကာမှ အကောင်းဆုံးအလေ့အကျင့်များနှင့် ထုတ်ကုန်ဘေးကင်းရေးတံဆိပ်ကပ်ခြင်း၏ အဓိကကျသောမူဘောင်များကို ရှင်းလင်းစွာတံဆိပ်ကပ်ခြင်း၊  အန္တရာယ်အကဲဖြတ်ခြင်းနှင့် စားသုံးသူများနှင့် ထိရောက်သော ဆက်သွယ်မှု၏အရေးပါမှုကို အလေးပေးဆွေးနွေးခဲ့ပါသည်။ Brainstorming Workshop ၏ ရှေ့ပြေးအနေဖြင့် ထုတ်ကုန်အန္တရာယ်အကဲဖြတ်ခြင်းဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲကို သြဂုတ်လ ၂၈ရက်နေ့မှ ၂၉ရက်နေ့အထိကျင်းပခဲ့ပါသည်။ UK OPSS မှ ကျွမ်းကျင်သူများသည် ထုတ်ကုန်အန္တရာယ်နှင့် UK တွင်အသုံးပြုသော Product Safety Risk Assessment Methodology (PRISM) အကြောင်း အမြင်များကိုမျှဝေခဲ့သည်။

      အဆိုပါ အလုပ်ရုံဆွေးနွေးပွဲနှစ်ခုသည် OPSS မှ အကောင်အထည်ဖော်ဆောင်ရွက်သည့် ASEAN - UK Economic Integration Program (EIP) 2024-2028 အောက်တွင် ပံ့ပိုးပေးထားသော အာဆီယံစားသုံးသူအကာအကွယ်ပေးရေးနည်းပညာဆိုင်ရာ အကူအညီလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ပါသည်။

        ASEAN - UK Economic Integration Program (EIP) 2024-2028  ကို ​​ယူကေနိုင်ငံခြား၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေးရုံးမှ ရန်ပုံငွေထောက်ပံ့ထားသည်။ ပူးပေါင်းဆောင်ရွက်မှုမြန်ဆန်စေရေးနှင့် အသိပညာဖလှယ်ရေးကိုမြှင့်တင်ခြင်းဖြင့် စားသုံးသူများကို အကာအကွယ်ပေးရေးနှင့် ဘေးကင်းသော ထုတ်ကုန်များကိုမြှင့်တင်ရန် အာဆီယံ၏ ကတိကဝတ်ကို ထပ်မံအတည်ပြုပါသည်။

SOURCES-ACCP

DOCA(မန္တလေး)