Main menu

မအူပင်မြို့ပေါ်ရှိ ဈေးကွက်အတွင်း Similac Product များ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးနှင့် စည်ပင်သာယာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၉.၃.၂၀၂၂) ရက်နေ့တွင် စတိုးဆိုင်များနှင့် ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် မြို့ပေါ်ရှိစတိုးဆိုင်များဖြစ်သော နန်းထိုက်အောင်၊ လင်းတာရာ၊ လေးညို့ရှင်၊ ထူးထက်စံ၊ ဂွတ်ချွိုက် စတိုးဆိုင်ကြီးများမှ ဦးကျားဗိုလ်ဆေးဆိုင်နှင့် မြမဥ္ဇူဆေးဆိုင်များတွင် Similac Product များ ရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ရာ အဆိုပါ ထုတ်ကုန်များ ရောင်းချမှုမရှိကြောင်း သတင်းရရှိပါသည်။